Pages

မန္တလာက ရေဆရာ × × × × × ×

 




မ​နေ့တ​နေ့က ပန်းချီသာဆိုင်နှင့်ဆက်သွယ်ဖြစ်သည်။

ကိုသာဆိုင်က အညာ၊ မန္တ​လေးကဖြစ်သည်။

ဆရာ(ဦး)ခင်​မောင်သန်း (မန္တလေး)နှင့်ပတ်သက်၍

သိခြင်းဖြစ်သည်။ ​ရေ​ဆေးပန်းချီကို​ရေး​လေ့ရှိသည်။.

မန္တ​လေးရောက်​တိုင်းမန္တ​လေး​တောင်​ခြေရှိပန်းချီပြခန်းတွင်​တွေ့ရ​လေ့ရှိသည်။ တွေ့ရတိုင်းပန်းချီ​ရေး​နေ​လေ့ရှိသည်။ ပန်းချီ​ရေးရင်းဖြင့်ကျ​နော့်ကိုဧည့်ခံ​လေ့ရှိသည်။

အခု​တော့ ကျ​နော်မန္တ​လေးမ​ရောက်သဖြင့်မ​တွေ့ရတာ

ကြာပြီ။ အခုမှအဆက်အသွယ်ရသဖြင့်စကား​ပြောရသည်။ သူ့ပုံ​တွေကို fb  ပေါ်တွင်​တွေ့ရသည်။ 

အ​တော်​ရေးဖြစ်တာဘဲ ဟု အံအားသင့်ရသည်။ 

ရေး​ဆေးများသဖြင့် အမြဲလိုလို​ရေး​သော​ကြောင့်

ပုံ​တွေအများကြီးပြီးသည်ထင်သည်။ 

သူ့လက်ရာ​တွေက​ကောင်းလှသည်။

ကောင်းမှာ​ပေါ့ out-door ကား​တွေကိုး။ 

မန္တ​လေးဟန်​တော့မကင်း။

နွားလှည်း​လေး​တွေ၊ ရွာအ၀င်လမ်း​လေး​တွေ

အစရှိသဖြင့် ရေ​ဆေးကား​တော်​တော်များများကို​

တွေ့ရသည်။ မန္တ​လေး၏​ရေ​ဆေးအ​​ကျော်အ​မော်

တို့၏ လက်ရာမွန်တို့တွင် စာရင်းဝင်သည်။ 

ရွာအဝင်လက်ပံရဲရဲနဲ့ ကားကို​တော့အ​တော်ကြိုက်မိသည်။ မန္တ​လေးကပန်းချီဆရာ​တွေ လက်ပံ၊ စိန်ပန်းတို့ကို​

ရေး​လေ့ရှိသည်။ လှလည်းလှ၊ကောင်းလည်း​ကောင်းကိုး။ ထူးထူးခြားခြား ဆီ​ဆေးကားတချပ်ကိုလည်း​တွေ့မိသည်။ ရေး​ဆေးကား​တွေကဲ့သို့ပင်​ကောင်းပါသည်။ 

ဆီ​ဆေးကားကို​ရေ​ဆေးကားလို​ ရေးတတ်ရမည် ဟုဆရာကြီးတဦး​ပြောတာကြားမိသလိုလိုပင်၊ 

ဘယ်သူ​​ပြောတာလည်းမမှတ်မိ​တော့။

မန္တ​လေးမြိုရိုးကိုအတွင်းဘက်မှ​ရေးသည့်ကားတချပ်

ကို​တွေ့မိသည်။ out-door လက်ရာပင်ဖြစ်လိမ့်မည်။

ဆရာသာဆိုင့်ကား​တွေကြည့်ရသည်မှာ အကြည်ဓါတ်

က​လေး 'သန္တရသ' ရသည်ဟုဆိုရမည်လား။


မြင့်စိုး

Summit 

20th of February 2022

Sunday

အ​မေရိကန်​ရောက်​ နော်ဝေ ပန်းချီဆရာ

 




ကျ​နော်စိတ်​လေ​နေတယ်။ 

ပန်းချီလည်းမဆွဲချင်။

အဲဒီ​တော့ ပန်းချီကား​တွေ လျှောက်ရှာကြည့်တယ်။

တဖြည်းဖြည်း စိတ်က​ပေါ့ပါးလာတယ်။ 

တချို့ပန်းချီကား​တွေက​တော်​တော်​ကောင်းတယ်။

အဲဒီ​တော့ ရောဂါ​ဟောင်းကပြန်​ပေါ်လာတယ်။

ကောင်းတာ​လေး​တွေ့ရရင် ကြည့်ချင်မှန်းမသိ၊

မကြည့်ချင်မှန်းမသိ လိုက်ပြတတ်တာကျ​နော့်အကျင့်။

ခုလည်း ပြရမှာဘဲ၊ 

မကြည့်ချင်လည်း​ကျော်သွား​ပေ​ရော့။

ဒီတ​ယောက်က Jonas Lie (ဂျိုနတ်လိုင်း)တဲ့။

နော်​ဝေက၊ ကြီး​တော့ အ​မေရိကန်မှာ။ 

သူ့ပန်းချီကား​တွေက တော်​တော်​ကောင်းတယ်ဗျ။

အ​ရောင်သုံးစွဲပုံက impressionist style ဘဲ။

တချို့​နေရာ​တွေမှာ​ဆေးထူထူသုံးထားပုံက နှစ်သက်စရာ။

အ​ရောင်​တွေသုံးထားပုံက တကယ်ဆရာကြီးကျတယ်။

မယုံရင်ကြည့်၊ တကယ်​ကောင်းတာပါ။

အမျိုးသမီးတ​ယောက်ပုံကို​ရေးထားတာ​တွေ့​တော့

လက်ဖျားခါတယ်။ တကယ်​တော်တဲ့သူဗျာ။

ရေလည်း ရေမို့လို့ ကောင်းတာဘဲ။ 

မြစ်ပြင်ကို​နေ​ရောင်ထိလို့ အ​ရောင်ပြန်တာများ 

မျက်​စေ့​တောင်ကျိန်းတယ်။

ဒီတသက်သူ့လို​ရေးတတ်ပါ့မလားလို့ အားငယ်ချင်။

ဘာဘဲဖြစ်ဖြစ် သူတို့ပန်းချီကား​တွေ

ကြည့်ရတာဗဟုသုတရတယ်။

ဝီရရသ ရတယ်​ခေါ်မလား ကိုယ်လည်း

အဲဒီလို​ရေးချင်လာတယ်။ 

တကယ်​ကောင်းတဲ့ကား​တွေပါ။


မြင့်စိုး

Summit 

26th of February 2022

Saturday

ပန်းချီ ပို့စ်လေးတွေ မတင်တာကြာတော့ တင်အူးမယ်နော။


ပန်းချီနဲ့ဆိုင်တဲ့ ပို့စ်တွေ အတော်များများတင်နေတာတွေ့ရတော့ ဝါသနာရှင်တွေအတွက်တော့လေ့လာသင်ယူစရာတွေ အများးကြီးမို့ အားရကျေနပ်ဖွယ်ကောင်းလှပါသည်။
သို့သော်လည်း
ပန်းချီဆိုတာ အမြင်နဲ့တက်ဖို့ခက်ခဲပါသည်။အထောက်အကူတော့ပြုနိုင်ပါသည်။
ပါးစပ်က ဒီလိုရေးလိုက်ပါလို့ပြောတာထက် ဒီလိုရေးရတယ်ဆိုပီး လက်တွေ့ရေးပြတာက ပိုပီးသိလွယ်တက်လွယ်ပါသည်။
အင်တာနက်က ပုံတွေ ပြပီး ရေးမပြပဲ လေ့လာစရာ ချပေးတာဟာ သွားရည်ကျစရာပဲဖြစ်နေပါလိမ်မည်။
ဒါ့ကြောင့် ကျွန်တော် တင်တဲ့ ပို့စ်တွေမှာ ရေးပြတဲ့ vdo တွေပါ တင်လေ့ရှိပါတယ်။
ဒါတောင်မှ လေ့ကျင့်ရအူးမည်ဖြစ်ပါသည်။
ရေးပြတာ ကြည့်ပီး သိသွားတာက အသိပညာ ပဲ ရှိပါသေးသည်။
ပန်းချီက လက်မှူ အတက် ပညာဖြစ်ပါသည်။
လက်က ရေးတက်ပီဆိုမှ တက်မြောက်တာပါ။
အသိက သိတာပဲရှိပါသေးသည်။
မျက်စိက မြင်တဲ့အရာကို ဦးနှောဏ်က မှတ်သားပီး အာရုံကြောတွေကတဆင့် ရေးဆွဲမည့်လက်ဆီသို့ပို့လွှတ်ရပါသည်။
မြင်တာက တနေရာ ရေးဆွဲရတာကတနေရာမို့ အတော် ဂွကျသော ကိစ္စဖြစ်ပါသည်။
ကျွမ်းကျင်တက်မြောက်ပီးသားသူအဖို့ ပုံပြရုံနှင့် အလွယ်တကူ ရေးဆွဲနိုင်မည်ဖြစ်သော်လည်း အခုမှစလေ့လာသူအဖို့ ဘာမှန်းမသိဖြစ်နေပါလိမ်မည်။
ထို့ကြောင့် လက်တွေ့ရေးဆွဲပြရင်း ပါးစပ်ကပါ သီအိုရီများးဖွဲ့စည်းတည်ဆောက်လျာထားပုံများကိုပါ ပြောပြရေးပြနိုင်လျှင်အကောင်းဆုံးးဖြစ်ပါသည်ခင်ဗျားးး။
KMH (civil)

ပန်းချီရေးခြင်း၏ ကောင်းကျိူးများး

 


အရင်က စိတ်မြန်လက်မြန်ရှိတဲ့ ကျွန်တော်ဟာ
ပန်းချီရေးပီး နောက်ပိုင်းစိတ်အတော်ရှည်လာပါသည်။
မိမိရေးသည့်ပုံပီးသောအခါ အလင်းအမှောင်တွေ မှန်ရဲ့လား၊ မျဉ်းတွေ မာနေလားး၊သပ်ရပ်မှူ့ရှိရဲ့လားး၊စိတ်တိုင်းရောကျရဲ့လားးစသည့် သုံးသပ်ချက်တို့က ပြင်ပလောကတွင်
ပြသာနာကြုံလာတဲ့အခါ ပြီးစလွယ် မသုံးသပ်တော့ပဲ
ဘက်ပေါင်းစုံက စဉ်းစား ခြုံငုံသုံးသပ်တက်လာသည်။
မိမိရေးချင်သည့် ပုံတပုံ အား ဘယ်လောက်ကြိုက်ကြိုက် ‌‌ ရေးရမည့် ရေးချက်များ ၊Texture များ ၊အယူအဆများး မသိပါက တကယ်ရေးသည့်အခါ မရေးနိုင်ပဲဒုက္ခအခက်အခဲရောက်နိုင်ပါသည်။
ထိုအတွေ့အကြုံက မိမိလုပ်ချင်သည့်
အလုပ်တခု မလုပ်ခင် ထိုအလုပ်အားး ချဉ်းကပ်ပီး မိမိလုပ်နိုင်မလုပ်နိုင် ဆုံးဖြတ်တက်လာသည်။
ပုံရေးနေစဉ် တစ်နာရီ နှစ်နာရီစသည်ဖြင့် မိမိဈာန်ဝင်သလောက် ပန်းချီရေးနေခြင်းကလည်း တခြား
ကိစ္စရပ်များအပေါ်အာရုံမပျံ့လွင့်သောကြောင့် စိတိတည်ငြိမ်ပီးအတော် အကုသိုလ် ကင်းသောအချိန်ဖြစ်ပါသည်။
ရေးမည်ဆိုလျှင်အများကြီးကျန်ပါသေးသည်။
ကဲ
ဒီလောက်ဆိုလျှင်
ပန်းချီရေးခြင်း၏ကောင်းကျိူးများအားးမြင်သာလောက်ပီထင်ပါသည်ခင်ဗျားးး။
Kmh(civil)

ပွတ်ခြင်း/မှူန်းခြင်းပြသာနာ


ခဲပန်းချီရေးတဲ့အခါ ပွတ်တာ /မှူန်းတာ လုပ်သင့်သလားးမလုပ်သင့်ဘူး လားးဆိုတဲ့ ပြသာနာတခု ညီငယ်တယောက် ကျွနိတော့်ကို လာမေးပါသည်။

အဲ့မေးခွန်းကို မဆိုင်းမတွ (မလုပ်သင့်ပါဘူး) လို့ ကျွန်တော်ဖြေပါသည်။
ဒါပေမဲ့ နောက်ဆက်တွဲ အနေနဲ့ ( အရင်တုန်းကဟုတ်ပါတယ် မလုပ်သင့်ပါဘူးးးးအခုကတော့ အပြည့်အဝ မဟုတ် တော့ပါဘူးး လုပ်သင့်တဲ့အခါ လုပ်ရပါမည် ) ဟု ထပ်ဖြေပါသည်။
ရှူပ်သွားလားမသိဘူးးးး
ဆရာတွေစကားးကန့်လန့်တိုက်တာမဟုတ်ပါဘူးးးး
ဒီလိုဗျ
ခဲပန်းချီကို ပွတ်တာဖြစ်ဖြစ် မှူန်းတာဖြစ်ဖြစ်ဆရာတွေက မကြိုက်ကြဘူးးး
ခဲပန်းချီရဲ့ အနှစ်သာရ ဖြစ်တဲ့ အဖိအဖေါ့တွေ အပျော့အမာတွေ အလင်းအမှောင်တွေ စသည်ဖြင့် ပေါ်လွင်အောင်ရေးရတာမို့ ခဲ‌ေရးချက်ကိုကြည့်ပီးးး လက်ရာကို ခန့်မှန်းသုံးသပ်လို့တောင်ရတယ်ပေါ့ဗျာ။
ပွတ်လိုက်မှူန်းလိုက်တော့ အခြေခံရေးချက်တွေကို မသိရတော့ဘူးပေါ့ဗျာ။
ကျွန်တော်သင်ခဲ့ရတုန်းကလည်း မပွတ်ခဲ့ မမှူန်းခဲ့ ရပါဘူးးး။
လွန်ခဲ့တဲ့ (နှစ် အစိတ်ကျော်) လောက်က ဆရာ စူး မြင့်သိန်း ဆီမှာ သင်တာပါ။
ပန်းချီပန်းပုကျောင်းထဲမှာပါ။

အခုဖြစ်နေတဲ့ ပွတ်/မှူန်းကိစ္စ က
ကျွန်တော်တို့ ပြည်တွင်း ဝါသနာရှင် တွေ ကြားထဲမှာ ဖြစ်နေတဲ့ ပြသာနာဖြစ်ပါသည်။
အခုလို ကမ္ဘာကြီးက ရွာဖြစ်နေတဲ့ နည်းပညာခေတ်ကြီးထဲမှာ နိုင်ငံတကာက ပညာရှင်တွေ ရဲ့ လက်ရာ ကို ခလုပ်တချက် နှိပ်ရုံနဲ့လေ့လာခွင့် သင်ယူခွင့် ရနေပါပီ။
ဘာလုပျကွမလဲ
ထိုင်နေကြမလားး
လေ့လာကြမလားးး
ဟုတ်ကဲ့
ကျွန်တော်တို့ လေ့လာရပါမယ်။
သူတို့တွေဘယ်လိုရေးးလဲ
ကျွန်တော်တို့နဲ့ ဘာကွာနေလဲ....

နည်းစနစ်လားး??
သီအိုရီလားးး??
Hand tools တွေလားးးး??
......
လားးပေါင်းးများစွာ နဲ့ ကျန်နေခဲ့လို့မရပါဘူးးး။

ပထမဆုံးးးhandtools တွေ လုံးဝကွဲပြားခြားနားနေပါပီ။

နံပါတ်အကြီး ခဲတံဆိုရင် အရင်တုန်းက လက်သမားတွေသုံးးတဲ့ ခဲတံအပြားးကြီးးနဲ့ သူံးရပါတယ်။
ဆိုင်မှာသွားဝယ်ရင် လက်သမားး လို့တောင် အထင်ခံရပါသည်။
အဲ့ခေတ်အဲ့အခါက ခဲတံအပြားကြီးသုံးတာ လက်သမားပဲရှိပါသည်။
ခဲတံနံပါတ်အလိုက် ရဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။
အခုခေတ် တောင် မကြာသေးပါဘူးး။
(၅) နှစ်လောက်ပဲရှိအူးမှာပါ
ခဲတံ ကဒ်လိုက်တွေ အလွယ်တကူဝယ်လို့ရလာတာ။
ခဲဖျက်ဆိုလည်းအတုံးးကြီးတစ်တုံးဝယ်ပီး လိုသလို လှီးဖြတ် ကာအသုံးးပြုရပါတယ်။
ဝါးတူ ထိပ်ကို ခွဲပီးးးလှီးထားတဲ့ ခဲဖျက် ညှပ်၊သားရေကွင်းနဲ့ချည် ပီးးသုံးရတာပါ။

အခုကတော့ အဲ့လောက်ခေါင်းမစားတော့ပါ။ခဲဖျက်ဘောပင် လိုချင်သလားး ဒါမှမဟုတ် အဲ့ထပ်ကောင်းတဲ့ mono zero ခဲဖျက်လိုချင်လားး၊ခဲဖျက်ပျော့ ယူအူးမလားးးလိုချင်တာအားလုံးးဝယ်လို့ရနေပါပီ။
စာရွက်ဆိုရင်လည်း ငွေကြေးတက်နိုင်ပါက ပြည်ပ အထိ မှာပီး အသုံးပြုနိုင်ပီဖြစ်ပါသည်။
တခြားနိုင်ငံတွေမှာ အသုံးပြုတာကြာမှ ဒီမှာအသုံးပြုရကောင်းမှန်းသိလာတာဖြစ်ပါသည်။
စုတ်တံတွေဆိုလည်းထိုနည်းလည်းကောင်းဖြစ်ပါသည်။
ငွေကြေးတက်နိုင်ဖို့သာ လိုပါသည်။
ဒါက အကျဉ်းချူံးးhand tools ကွာခြားချက်ဖြစ်ပါသည်။

ဒီပစ္စည်းတွေရှိတော့ရော နိုင်ငံခြားက အဖြူကောင်တွေရေးသလို ရေးတက်ပီလားးး
မရသေးပါ
အသုံးပြုပုံ
နည်းစနစ်
လိုပါသေးသည်
သေချာလေ့လာပီးမှ တုပ လိုက်ရေးးကြည့်ရပါသည်။
ကျွမ်းကျင်ဖို့ အချိန်ပေးရပါသည်။

ထိုသို့ တုပပီးလိုက်ရေးတဲ့အခါ
အရင်လို ခဲခြစ်အတိုင်းးထားလို့မရတော့ပါ။smooth ဖြစ်အောင် နည်းမျိူးစုံသုံးရပါတော့သည်။
Tissue တွေအသုံးပြုသလို
ဝါဂွမ်းးအနုလည်းသုံးကြပါသည်။
စုတ်တံ အနုနဲ့လည်း ပွတ်ကြပါသည်။
ထိုအခါ နူးညံ့ချောမွေ့ပီး တကယ့်လူ့အသားအရေအတိုင်း ရရှိလာပါသည်။
ဓါတ်ပုံထဲကလို ချွတ်စွတ်တူတာ ကြိုက်လာကြသည်။
ထို့ကြောင့် ယခုခေတ်အနေအထားအရ ပြည်ပပညာရှင်များနည်းတူ realism မှ hyperealism များရေးသောအခါ ပွတ်ခြင်းမှူန်းခြင်းအတက်ကို မဖြစ်မနေ တက်ထားရပါ တော့မည်။
ခဲပန်းချီ မှာ မမှူန်းရဘူးးမပွတ်ရဘူးလို့လည်းအမြဲတမ်း တသမတ်တည်း လက်ခံထားလို့မရတော့ပါ။
အလှတရားတမျိူးးစီဖြစ်ပါသည်။
လိုအပ်လာတဲ့အခါ အသုံးပြုရမည်သာဖြစ်ပါသည်။
ခေတ်ကစကားပြောလာပါသည်။
ထို့ကြောင့်ဝါသနာရှင်တွေကြားမှာ blending ဆိုတဲ့စကားးးတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာဖြစ်ပါသည်။
‌ဆီဆေး ရေဆေး အခရိုင်းလစ် ပါစတယ် ...စသည့် medium များရေးသောအခါတွင်လည်း blending လုပ်ရပါသည်။
ထို့ကြောင့် လိုအပ်ပါက ပွတ်ပွတ် မှူန်းမှူန်း ပြသာနာ မဟုတ်ဟု မြင်ပါသည်။
ပွတ်တာ မှူန်းတာ ကို ဘောင်မဝင်ဟု သတ်မှတ်ပါက နိုင်ငံတကာ က နာမည်ကြီးးးပညာရှင်များးလည်း ဘောင်မဝင်သည့်အထဲပါသွားပါလိမ်မည်။
ဒီလောက်ဆိုလျှင် ပွတ်တာ မှူန်းတာ ပြသာနာမဟုတ်ဟု မြင်လောက်ပီထင်ပါသည်။
Realism နဲ့ ပက်သက်လို့
ဆရာစူးမြင့်သိန်း ပြောတာ‌ေလး မှတ်မိနေပါသေးသည်။ဆင်ခြင်တွေးတောလို့ရအောင် မျှဝေပါဦးမည်။
တချိူ့ လူတွေ(ငတုံးးတွေ) က realism ကို တအားးကြိုက်ကြတယ်တဲ့၊
ပြသာဒ် ကို ပြသာဒ်အတိုင်း ဤသည်မရွေးးရေးမှ ကြိုက်ကြတယ်၊
ကိုယ်ပိုင်ဟန် ထွင်ပီးရေးလို့မရဘူးးး။
ဆိုကြပါစို့ ပြသာဒ်ဟန်အတိုင်းနီးနီးစပ်စပ် တြိဂံလေးတခုရေးရင်ကို လက်မခံခြင်ကြဘူးးး။
ဘာလို့လက်မခံချင်တာလဲဆိုတော့ ဦးနှောဏ်ကို အလုပ်မပေးချင်လို့။စဉ်းစားတွေးခေါ်ပေးတဲ့အပိုင်းမှာ အလေ့အကျင့်မရှိလို့၊ပညာရေးနိမ့်ကျလို့ပေါ့တဲ့....
ဆရာစူးပြောတာ ကျွန်တော် အပြည့်အဝ လက်ခံပါသည်။
လူတွေဟာ.....
အရှိတရားကို ကိုယ်သိထားတဲ့အတိုင်းပဲ လက်ခံခြင်ကြသည်။
တခြားပုံစံတခုပြောင်းသွားရင် ဘာကြီးလဲဆိုပီးးး ခေါင်းကိုက်ရမှာမို့
ရှည်ရှည်ဝေးဝေးတွေးတောမနေချင်ဘူးးး။
အလွယ်တကူမြင်နေကြပုံအတိုင်းပဲလက်ခံချင်ကြသည်။
ထို့ကြောင့် ကျွန်တော်တို့ လူမျိူးးများသည်
လှေကြီးထိုးရိုးရိုးးနှစ်သက်သော မြန်မာလူမျိူးးးများးပါတကားလို့တွေးတောဆင်ခြင်မိပါ‌ တော့သည်ခင်ဗျားးး။

(သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားဂါရဝပြုပါသည်)
KMH(CIVIL)
See less

 

လက်ရာ ရပ်တန့်ခြင်း

 

လက်ရာ ရပ်တန့်ခြင်း
ပန်းချီ ဝါသနာရှင်ညီမငယ် တယောက်လာမေးတဲ့ မေးခွန်း‌ လေးက စိတ်ဝင်စားစရာ ကောင်းလို့ ပြန်လည် sharing လုပ်ပေးပါရစေ။
သူမေးတာက
( သူ့လက်ရာက ဆက်လက်တိုးးတက်မလာတော့ပဲ လက်ရှိအနေအထားမှာ တစ်နေပါတယ်တဲ့။ရေးနိုင်သမျှ လက်ကုန် ပဲတဲ့။
ညှစ်ထုတ်‌ေရးလည်းမထွက်တော့ဘူးတဲ့။)
ဘယ်လိုဆက်လုပ်ရမလဲပေါ့။
သူဒီထပ် ပိုရေးချင်သေးတယ်
နည်းလမ်းများးရှိရင် ကြိုးစားကြည့်ချင်ပါသေးတယ်တဲ့။
ကောင်းလိုက်တဲ့အမေးဗျာ
တော်တော်လေးလည်း ဖြေရခက်မဲ့ မေးခွန်းဗျ။
လွယ်မလိုနဲ့ အတော်ရှူပ်ထွေးတာမျိူး။
ပန်းချီဝါသနာရှင်အတော်များများ သူ့လိုကြုံဖူးကြလိမ်မယ်ဗျ။
ဘယ်လိုရေးရေး ဒီထပ် ပိုထွက်မလာတော့ဘူးး။လက်ရာ က ဂိတ်ဆူံးးသွားသလို ဖြစ်နေလိမ်မည်။
တချိူသတိမထားမိလို့ မသိပေမဲ့ အတော်များများ အဲ့လိုဖြစ်နေပါလိမ်မည်။
ဒီနေရာမှာ ဖြေရှင်းဖို့ နည်းလမ်း လိုလာပါပီ။
အရင်ဆုံးး ဒီလို စဉ်းစား ကြည့်ရအောင်ဗျာ
android Phone တလုံးဟာ သုံးတာကြာလာရင် version နိမ့်လာပါသည်။
အဲ့အတွက် update လုပ်ပေးရပါသည်။
Update လုပ်မပေးရင် သုံးရတာပေါ့ပါးမှူ့မရှိပဲ ဟမ်းပီး ကြောင်လာပါလိမ်မည်။
ဖုန်းကတော့ settings ထဲဝင်ပီး update လုပ်ပေးလိုက်ရုံပါပဲ။
Update လုပ်ပီးတဲ့အခါ အရင်ကထက် ပိုပီးသုံးရတာ ပိုအဆင်ပြေလာပါလိမ်မည်။
Version ပိုမြင့် လာတဲ့ အတွက် software အမြင့်တွေ သုံးလို့ရ လာပါလိမ်မည်။
ဒါက ဖုန်းတလူံးနဲ့ ဥပမာ ပေးတာပါ။
ပန်းချီနဲ့ နှိူင်းယှဉ်ကြည့်ရအောင်။
ဖုန်းလိုပဲ update လုပ်ရပါလိမ်မည်။
ဦးနှောဏ် settings ထဲဝင်လိုက်ပါ။
မိမိသင်ထားတာတွေ ဟာ နည်းလမ်းကျရဲ့လား။
ဖြစ်သလိုသင်ထားတာလား၊
ဒါမှမဟုတ်
ဟိုကြည့်ဒီကြည့်နဲ့ ရေးတက်လာတာလား၊
ဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့လိုပါမည်။
ဆရာနဲ့သင်ထားတယ်ဆိုရင်လည်း သင်တဲ့ဆရာက စဉ်းစားတွေးခေါ်ပုံတွေ၊သီအိုရီတွေ၊သဘောတရားတွေ အပြင် ထိုးထွင်းသိမြင်နိုင်မှူအတွက်ပါ လမ်းဖွင့်ပေးခဲ့ရဲ့လား။
ဦးနှောဏ် ကို ခိုင်းတက်ဖို့ နဲ့ အနုပညာ ဉာဏ်အလင်းပွင့်ဖို့ သင်ဆရာက အရေးကြီးပါသည်။
ဒီလိုပဲရေးကွာ ဆိုပီး ပုံသေ မှတ် ခိုင်းပီးးရေးခိုင်းခဲ့ရင် update လုပ်ရခက်ပါလိမ်မည်။သင်တဲ့ဆရာ အရေးကြီးပါသည်။
တကယ်လို့ သင်တဲ့ဆရာ မရှိပဲ ကိုယ့်ဘာသာ လေ့လာထားတယ်ဆိုရင်လည်း update လုပ်ဖို့ ခက်ခဲပါလိမ်မည် ။ မရဘူးတော့မဟုတ်ပါ။ ရပါလိမ့်မည် သို့သော် အချိန်အကြာကြီး ယူရပါလိမ်မည်။
လုံလောက်တဲ့အချိန်တခု ရောက်မှ နားလည်သဘောပေါက်ပီး လက်ရာ ပိုတိုးတက်လာပါလိမ်မည်။
ဝမ်းစာ ပြည့်ဖို့ အချိန်ယူရတဲ့သဘောပါပဲ။အမြဲလေ့လာနေမှရပါမည်။
ဆိုလိုချင်တာကတော့
မိမိလေ့လာ ခဲ့တဲ့နည်းလမ်းတွေ
သီအိုရီတွေ
သဘောတရားတွေ အဆင့်ဆင့်မှန်ကန်ပီး စဉ်းစားတွေးခေါ်မှူတွေ ပါလာရင်တော့ အနုပညာ ဉာဏ်အလင်းပွင့်ပီး နောက်တဆင့်တက်ဖို့ လွယ်ကူပါလိမ်မည်။
ဒါ့ကြောင့် သင်တန်းတွေ ပေါ်ပေါက်လာ ခြင်းဖြစ်ပါသည်။စမ်းတဝါးဝါး လုပ်နေရင် အချိန်လည်းကြာပါသည်။
တကယ်တက်ချင် လျှင် တကယ်သင်ရပါမည်။
မသင်လျှင်မတက်ပါ။
ဒါကြောင့် မိမိလက်ရာ ဒီထပ်ပိုထွက်မလာတော့ဘူးးဂိတ်ဆုံးးးနေပီ လို့ ထင်လျှင်ဖြင့် စနစ်တကျ အဆင့်ဆင့်သင်ယူထားလားးဆန်းစစ်ဖို့လိုပါလိမ်မည်။
စနစ်တကျသင်ယူထားသူအဖို့ နောက်တဆင့်တက်ဖို့ လွယ်ကူပါလိမ်မည်။
ဒီလောက်ဆိုလျှင်ဖြင့် ရည်ရွယ်ချက်ကို သဘောပေါက်နားလည်လောက်ပီဟုထင်မြင်မိပါသည် ခင်ဗျားး။
(အနုပညာ ဉာဏ်အလင်းပွင့်လင်းကြပါစေ)
KMH(civil)

Water colour brush.


​ရေ​ဆေး စုတ်တံ အမျိုးအစားများ၊
​ရေ​ဆေးပန်းချီကား​ရေးဆွဲရာမှာအ
ဓိကအားဖြင့်စုတ်တံကလည်းပါဝင်
​နေပါသည်၊​ရေ​ဆေးစုတ်တံအများစု
မှာ လက်ကိုင်အရိုးက အတို​တွေ ဆို
တာ သတိထားပြီး ဝယ်ယူကြရပါ
မည်၊ ​ဆေးစပ်သည့်အခါမှာလည်း
​ဆေးစပ်​ကော်ပြား​ပေါ်စပ်ရတာထက် ​​ကြွေခွက် ​ကြွေပန်းကန်ပြား​ပေါ်တို့နှင့်စပ်​ရေးတာကပိုပြီး​ရေ​ဆေး၏အာနိသင် အကြ​ည်ဓါတ်ကို
ပိုပြီးထင်ရှား​​ပေါ်လွင်​စေပါသည်၊
​ရေ​ဆေးပန်းချီကားဆိုဒ်ကြီး​တွေ​ရေးဆွဲသည့်အခါတွင်လည်း
​နောက်ခံ သို့ အဓိကဧရိယာကျယ်​နေရာများ​ဆေးများများသုံးရမည်
ဆိုလျင် အ​ရောင်များ ​မလွဲ​စေရန်
​ဆေးများကိုခွက်တခုဖြင့်ခပ်များများ
​အဆင်သင့်ပိုလျှံ​အောင်​ဖျော်စပ်ထား​ပေးရပါမယ်.​ဆေးများအလွယ်
တကူမ​ဖျော်စပ်ထားပါက​နောက်အ
ကြိမ်​ဆေးစပ်သည့်အခါအ​ရောင်များကွဲလွဲသွားနိူင်ပါသည်။
​​စျေးနူန်းသက်သာသည့်​ရေ​ဆေးစုတ်တံအများစုသည် သဘာဝ
​မွှေးမဟုတ်ပါ၊ပလပ်စတစ်​မွှေးကြမ်း
ဖိုင်ဘာမှင်အ​မွှေးကြမ်းများသာဖြစ်
ကြပါသည်၊ စုတ်တံအ​နေအထားက
လည်း ဗိုက် မ​ဖောင်း ရိုးရိုးအ​နေအထားသာဖြစ်သည်၊ အဆင့်မြင့်သည့်
​ရေ​ဆေးစုတ်တံများသည်၊ထိပ်ချွန်
ပိုွင့်မိပြီးဗိုက်ကား​ဖောင်း​နေတတ်
ပါသည်၊ပုံသဏ္ဏာန်အားဖြင့်စပါယ်
ဖူး ပုံ ဖြစ်​နေတတ်ပါသည်။
သဘာဝ အ​မွှေးများတွင် ဝက်နားရွက်​မွှေး ၊နွားနားရွက်​မွှေး၊
ဆိတ်​မွှေး၊ ရှဥ့်​မွှေး၊ ​​မြွေပါ​မွှေး များ
မှာထင်ရှားပြီး ​စျေးနူန်းကြီးမြင့်လှပါသည်၊၎င်းအ​မွှေးများထဲတွင်မှ ​မြွေပါ အ​မွှေးစုတ်တံမှာ ကမ္ဘာ့အ​ကောင်းဆုံးနှင့်​စျေးနုန်းအမြင့်ဆုံး
​ပေးဝယ်တတ်ရပါသည်၊မြန်မာပြည်
တွင်းမှထုတ်လုပ်​သောမြဝတီစုတ်တံ
သည်၊စုတ်တံအ​မွှေးများသဘာဝ​မွှေးဖြစ်​သော်လည်း နည်းပညာအရ
ယ​နေ့ချိန်ထိအဆင့်မှီစုတ်တံများမ
ထုတ်လုပ်​နိုင်​သေးပါ၊စပါယ်ဖူးမဖြစ်
တချို့ကြိုးစည်းစုတ်တံများသည်၊အ
​မွှေးများတစီကျွတ်ထွက်တတ်ပါ​သေးသည်။​ပြည်ပထုတ်သဘာဝ​မွှေး
စုတ်တံများသည်၊​သောင်းချီ​ပေးဝယ်
ရပါသည်၊ပန်းချီဆိုင်တိုင်းလည်း အမြဲတင်မ​ရောင်းနိုင်ကြပါ၊​လောဆယ်
မှာ​တော့ စမ်း​ချောင်း သ​​ပြေညိုလမ်းက my art shop မှာ အချို့ကိုဝယ်ယူလို့ရ​​နေပါသည်၊ အင်းစိန်
နံ့သာကုန်းက artist smile မှာ
လည်း​ရေ​ဆေးစုတ်တံအမျိုးအစားစုံ
ကိုလည်းမှာယူရရှိနိူင်ပါသည်။
​ရေ​ဆေးစုတ်တံအမျိုးအစား​ကောင်းများသည်၊တခါဝယ်ယူထား
ပါက နှစ်ရှည် အသုံးပြုရတတ်ရပါ
သည်၊ပျက်ဆီးခဲပါသည်၊အခရိုင်းလစ် ဆီ​ဆေးစုတ်တံများမှာမူ ကင်းဗတ်စနှင့်ပွတ်တိုက်မိပြီးအ​မွှေးတိုပြီး ခန​လေးနှင့် စုတ်တံများသည်၊
ပါးလွှာပျက်ဆီးလွယ်ပါသည်၊ ​လော
ဆယ်ဝါသနာရှင်များအ​နေဖြင့်​စျေး
နူန်းသက်သာ​သော ပလပ်စတစ်​မွှေး
နှင့် သဘာဝ​မွှေးပြည်တွင်းထုတ်မြဝ
တီစုတ်တံများသာအဆင်​ပြေပါ
သည်။
သဘာဝစုတ်တံများမှာလည်း
စာရွက်​ပေါ်စုတ်တံထိ​တွေ့စဥ်မှာစုတ်
တံ​မွှေးပြန်လည်ကန်ထွက်မလာဘဲ
ထိ​တွေ့စဥ်အ​နေအထားအတိုင်း​ကွေး​ကောက်ပုံစံဖြစ်​နေပါကအဆင့်
မမှီ​သော သဘာဝ​မွှေးစုတ်တံဆိုသ
ည်ကိုသိထားရပါမည်၊ပလပ်စတစ်
​မွှေး ဖိုင်ဘာမှင်​မွှေးတို့မှာကနဂိုကကို အလိုလိုပြန်ကန်အားရှိ​နေတတ်
ပါသည်၊၎င်းစုတ်တံတို့၏အဓိကအားနည်းချက်မှာ ​ရေကို လိုသ​လောက် စုစည်းမှုမရှိခြင်းပါဘဲ..
ဝါသနာရှင်များအ​နေဖြင့်မိမိ
နှင့်အဆင်​​ပြေ​စေမည့်​ငွေ​ကြေးနှင့်
တိုင်းတာပြီးမှသာစုတ်တံများဝယ်
ယူ​စေချင်ပါသည်၊​ ​ရေ​ဆေးပညာရှင်
များမှာမူအမျိုးအစား​ကောင်းစုတ်
တံကိုအသုံးများ​သောနံပါတ် အလို
က်ဝယ်ယူထား​စေချင်ပါသည်၊​ရေ
​ဆေးပန်းချီကား ​​ကောင်းတချပ်ဖြစ်
လာဘို့ရာမှာအရင်းအနီးကြီးမားလှ
ပါသည်၊အ​တွေ့အကြုံ နှစ်ရှည် ​လေ့လာ ​လေ့ကျင့်မှုတို့ နှင့်ပါ​ပေါင်း
စပ်လိုက်ပါကတန်ဘိုးက နင့်ကနဲပါ
ဒါ ​တွေကိုပန်းချီကားဝယ်ယူစု​​ဆောင်းသူအများစုကမသိကြပါ၊သာမန်ရုပ်ပုံကားချပ်တခု အလှအပ
တခုအ​နေနှင့်သာသိမြင်ကြပါသည်၊
ပန်းချီကားတချပ်သိန်းဂဏာန်း
​ရောင်းချရ​သော်လည်း ​ရေးဆွဲသူပန်းချီဆရာကအသားတင်မခံစားရပါ၊ သက်ဆိုင်သည့် ပန်းချီကား
​ဘောင်လုပ်သူ၊ကုန်သွားသည့်​ရေ
​ဆေးစာရွက်၊မစုံလင်​တော့သည့်​ဆေးအ​ရောင်​တွေ၊ကိုထပ်မံဖြည့်တင်းဝယ်ယူထားရပြန်ပါသည်၊အခြားမမြင်ရသည့်ကုန်ကျ​ငွေများ
လည်းရှိတတ်ပါ​သေးသည်၊ဝါသနာ
အရ​သော်၎င်းစိတ်​ပျော်ရွှင်​စေမှုအရ
​သော်၎င်း​ရေးဆွဲ​နေသည်မှာ​ရေ​ဆေး သမားများဖြစ်ပါသည်။
crd: Artist Hla Tun





Watercolour techniques. 28.10.2021.


​ရေ​ဆေး ​ရေးဆွဲနည်း နဲ့ ပက်သက်ပြီး သိထားသင့်သည့် အသုံးအများဆုံး နည်းစနစ်များ၊
crd: Artist Hla Tun
 


















 

Water colour, (2-11-2021) Tree. အပင် ​ရေးဆွဲနည်း


က​လေး လူကြီး အလွယ်တကူ ​ရေးဆွဲရ လွယ်ကူ​စေရန် အများသုံး ဝါ နီ ပြာ စိမ်း မရမ်း ဟူ​သော အ​ခေါ်အ​ဝေါ်သာ သုံးစွဲထားပါသည်၊ အ​ခြေခံ အကျဆုံး နှင့် လိုက်ပါ ​လေ့ကျင့်ရ လွယ်​ကူ​စေရန်အတွက်ဖြစ်သည်။
 
crd: Artist Hla Tun







Cloud. Water colour.2021.


​ရေ​ဆေး ဖြင့် တိမ်​ရေးဆွဲခြင်း.
သဘာဝတရား မှာ အကြီးမား ဆုံး နှင့် အကျယ်ပြန့်ဆုံး,အ​ပေါ့ပါးဆုံးအရာသည်,, တိမ် ဟုဆိုလို,, ဆရာ ဦးကြည်,,
ပန်းချီကားချပ်တခုမှာ တိမ်ကို ပိုင်နိုင်စွာ ​ရေးဆွဲနိူင်လျှင် ပန်းချီကား၏ 3 ပုံ 2 ပုံ ဧရိယာကို ဆွဲယူလိုက်လို့ရပါသည်။
ဘိုက​လေး ဦး​ကျော်လှိုင်,
တိမ်သည် အမြဲတန်း ​နေ၏​အောက်ဘက်တွင်သာ ရှိ​နေတတ်သည့်အတွက် အလင်းများကို အ​ပေါ်ဘက်တွင်သာ ​တွေ့ရ​လေ့ရှိသည်၊တခါတရံ ​နေဝင်ချိန် ​နေထွက်ကျမှသာ အလင်းသည် ​အောက်ဘက်သို့​ရောက်​နေတတ်သည်ကို သတိထား ​ရေးဆွဲရပါမည်၊၊
ဆရာကြီး ဦးအမ်တင်​အေး,
​အောက်ပါ ပုံများ အလွယ်တကူ ​လေ့လာ ​လေ့ကျင့်ကြည့်ပါ။
crd: artist hla tun






 

Colour perspective..2021.


အ​​​ခြေခံ ကာလာသီအိုရီ​တွေ မ​ကျေညက်ထားရင် ပန်းချီကား​တွေ​ရေးသည့်အခါမှာ အခက်ခဲ​တွေ့ရတတ်ပါသည်၊ အနီး အ​ဝေး အရာဝတ္ထု​တွေ ကွဲဲပြား​အောင်​ရေးသည့်အခါ နီးလျှင် အ​ရောင်ရင့်ပြီး​ဝေးလျှင်အ​ရောင်တ​ဖြေး​ဖြေး​ဖျော့သွားသည့် ​ယေဘူယျ သ​ဘော​လောက်ဘဲသိထားကြပါသည်။
တကယ့်လက်​တွေ့မှာ အရာဝတ္ထုများ နီးလျှင်အ​ရောင်ကာလာများပူ​နွေး​သောအ​ရောင် ရင့်​မှောင်​သောအ​ရောင်များပါဝင်​နေတတ်ပြီး ​ဝေးသွား​လေ ကြားခံ​လေထု atmospheric ပါလာပြီးအ​အေး​ရောင် အပြာ​ရောင်များ ​ရောလာပြီး ​အရာဝတ္ထု​ကောက်​ကြောင်းအနားသတ်​တွေလည်း​ဝေဝါးလာတတ်ပါသည်။
ကာလာသီအိုရီသ​ဘောတရားများမသိထားပါက ဓါတ်ပုံများကူး​ရေးသည့်အခါ အ​ရောင်အနု အရင့်သာ ခွဲခြား​ရေးတတ်ကြပြီး ​ကြားခံ​လေထု မပါဝင်​သော အ​ရောင်များ မထည့်သွင်း မ​ရေးဆွဲတတ်ကြ​ပေ။
ဝါသနာရှင်​တွေအ​နေနှင့်အကြမ်းဖျင်း​လေးသိထားမည်ဆိုရင်​တောင်အဆင်​ပြေလှပါသည်။
​အောက်ပါပုံနှစ်ပုံကို​လေ့လာကြည့်နိူင်ပါသည်။
crd: artist hla tun



surfacing lines

အ​ခြေခံခဲ​လေ့ကျင့်ခဏ်းမှာ မသိမဖြစ် ဆက်လက်​လေ့ကျင့်ရမှာက surfacing lines မျက်နှာပြင်ပြမျဥ်း​လေ့ကျင့်ခဏ်း​တွေပါ။

ပြင်ပ​အောက်ဒိုးထွက်​ရေးဆွဲရင် သစ်ပင်​တွေရဲ့ texture ​တွေကို မျက်နှာပြင်ပြမျဥ်း​တွေနဲ့စတင်​လေ့ကျင့်ရတာပါ၊ဒါမှသာ အ​ခြေခံ​ရေ​ဆေး​လေ့ကျင့်ရင် စုတ်တံရဲ့ လားရာ​တွေ ထုထည် စုတ်ချက်​တွေ မှန်ကန်​စေမှာဖြစ်ပါသည်။
အပင်​တွေမှာလည်းအပင်ရဲ့ သ​ဘောသဘာဝ​တွေသိထားရပါမည်၊မည်သည့်အပင်ဖြစ်ဖြစ် ကိုင်း များသည် ဟိုဘက် ဒီဘက် စုံမထွက်ကြပါ, အများအားဖြင့် ဇစ် ​တွေလို ဇစ် ဇက် ထွက်ကြသည်ကို သတိပြုရပါမည်၊အ​ခြေခံအချက်များ မသိထားပါက စိတ်ကူးတည့်ရာ ကိုင်းများ ထွက်ချင်သလိုထွက် ​ရေးဆွဲမိတတ်ကြပါသည်။
နိူင်ငံတကာ အကယ်ဒမစ်နည်းစနစ်​တွေ ​လေ့လာ ​လေ့ကျင့်နိူင်ပါသည်။
crd:  Artist Hla Tun
 



 

အရောင်တို့၏ အနီးအဝေးပြသနာ ============================= Edges (အနားများ)

 


Edges ဆိုတာ အနားစွန်းတွေကို ပြောတာ။ ပန်းချီမှာ Edges ဆိုတာ အရမ်းအရေးကြီးတဲ့ Elements တခုပါ။ Line, Tone, Color, Texture, Light ဆိုတဲ့ Elements တွေလိုပဲ။ Edges ဟာလည်း အလွန်အရေးကြီးပါတယ်။ Realism ပဲရေးရေး၊ Impressionism ဟန်ပဲရေးရေး၊ မော်ဒန်တွေ Abstract တွေပဲရေးရေး၊ Edges တွေကို ကြည့်လိုက်တာနဲ့ ဒီပန်းချီဆရာ ဘယ်လောက်တတ်တယ်၊ မတတ်ဘူးဆိုတာ သိနိုင်ပါသတဲ့။ အဲလောက်ထိ Edges ဟာ အရေးကြီးပါတယ်။ အခုပြောမှာကတော့ အရောင်ရှိတဲ့ သဏ္ဌာန်တွေကို နီးအောင် ‌ဝေးအောင် လုပ်တဲ့နေရာမှာ Edge ကို အသုံးပြုခြင်းပါ။ Shape ဆိုတဲ့ သဏ္ဌာန်တွေမှာ Edges ဆိုတဲ့ အနားတွေ ရှိပါတယ်။ ဘယ်လိုသဏ္ဌာန်ပဲဖြစ်ဖြစ် နီးချင်ရင် အနားတွေပြတ်သားပေးလိုက်၊ ဝေးချင်ရင် အနားတွေကို ဝါးပေးလိုက်၊ အနားပြတ်ရင် နီးတယ်၊ အနားဝါးရင် ‌ဝေးတယ်၊ ဒါပဲ။ အရောင်တွေကိုသာ ဝေးအောင်လုပ်ရုံနဲ့ မရပါဘူး။ အရောင်ကောင်းပေမယ့် အနားတွေက ပြတ်သားနေရင်၊ ပြတ်သားသလိုဖြစ်နေရင် တကယ်‌ဝေးတယ်လို့ မခံစားရပါဘူး။ ဒါကြောင့် အနားများ ဝါးခြင်း၊ ပြတ်ခြင်းဟာလည်း အလွန်အရေးပါတဲ့ အချက်တခုအဖြစ် မှတ်ထားလိုက်ပါ။ ပြီးရင် လိုအပ်သလို သုံးကြည့်ပါ။ အလွန်အရာရောက်ပါလိမ့်မယ်။ 


Horizontal & Vertical (အလျားလိုက်နဲ့ဒေါင်လိုက်)


နောက်တခု နီးအောင်၊‌ ‌ဝေးအောင် လုပ်ပေးနိုင်တာက အလျားလိုက်နဲ့ ဒေါင်လိုက် အနေအထားတွေပဲ။ အရောင်တရောင်ကို ‌ဝေးချင်ရင် အလျားလိုက်အနေအထားအဖြစ် ဒါမှမဟုတ် အလျားလိုက်မျဉ်းအဖြစ် ဆွဲချလိုက်။ အလျားလိုက်ဆိုတာ မိုးကုပ်မျဉ်း Horizontal အတိုင်းပြောတာ။ မိုးကုပ်မျဉ်းဟာ အလွန်ဝေးတယ်။ အဆုံးမမြင်နိုင်အောင်ဝေးတယ်။ အလျားလိုက်ရှိတယ်။ ဒီသဘောဟာ လူ့ရဲ့ အသိမှာ စွဲနေတယ်။ ဒါကြောင့် အရောင်တရောင်ကို အလျားလိုက်အဖြစ် မြင်ရရင် ဝေးတယ်လို့ အာရုံက အလိုက်အလျောက် သတ်မှတ်လိုက်တယ်။ ဒေါင်လိုက် Vertical ဟာ မြင့်တဲ့သဘောကို ဆောင်တယ်။ မြင့်တဲ့အတိုင်းဟာ ဒေါင်လိုက်ရှိတယ်။ နီးရင်မြင့်တယ်။ ဒါကြောင့် ဒေါင်လိုက်ဖြစ်ရင် နီးတယ်ဆိုတဲ့အသိကြောင့် အရောင်တွေကို ဒေါင်လိုက်အနေအထားဆွဲလိုက်ရင် နီးလာတယ်။ ဘာအရောင်ပဲဖြစ်ဖြစ် ဒေါင်လိုက်ဆိုရင် နီးလာပြီး အလျားလိုက်ဆိုရင် ဝေးသွားတယ်။ ဒါကြောင့် အရောင်တွေကို နီးအောင် ဝေးအောင် ဒီသဘောနှစ်ခုနဲ့ ဖန်တီးနိုင်ပါတယ်။


Overlap (ထပ်ခြင်း)


ဒါက Shape တွေရဲ့ အနေအထားနဲ့ ပိုပြီး ဆိုင်ပါတယ်။ ဒါပေမယ့် အရောင်တွေအတွက်လည်း အသုံးချနိုင်ပါတယ်။ ဥပမာ အိမ်တအိမ်ပုံ ဆွဲထားတယ်။ အဲဒီအိမ်ကို ရှေ့နည်းနည်းထွက်ပြီး ရုပ်လုံးကြွချင်တယ်ဆိုပါတော့။  အဲဒီအိမ်နောက်မှာ သစ်ပင်ကြီးတပင် ပေါက်လိုက်။ အဲဒီသစ်ပင်ကြောင့် အိမ်ဟာ ရှေ့ကိုထွက်လာလိမ့်မယ်။ တကယ်လို့ ဒီအိမ်ကြီးကို နောက်ဆုတ်ချင်ရင် အဲဒီအိမ်ကြီးရဲ့ရှေ့မှာ သစ်ပင်ကြီးတပင် ထပ်ပြလိုက်။ အိမ်ဟာ နောက်ကို အလိုလို ဆုတ်သွားလိမ့်မယ်။ ဒါဟာ တခုပေါ်တခု ထပ်ပြ ခြင်း Overlap လုပ်ခြင်းဖြင့် ရှေ့တိုးနောက်ဆုတ် ဖြစ်စေတာပဲ။ ဒီသဘောကို အရောင်တွေနဲ့ပေါင်းပြီး ဖန်တီးနိုင်ပါတယ်။ အရောင်တရောင် ရှေ့ထွက်ချင်ရင် သူ့နောက်မှာ သူ့ထက်အားနည်းတဲ့ အရောင်တရောင် ထားပေးလိုက်။ နောက်ဆုတ်ချင်ရင် သူ့ထက်အားကောင်းတဲ့ အရောင်တရောင် ရှေ့က ထပ်ဖြတ်လိုက်။ မခက်ပါဘူး။ ထပ်ကြည့်ကြပါ။ အထပ်များလေ အနီးအဝေး ပိုဖြစ်လာလေပဲ။ 


Texture (အနု၊ အကြမ်း)


Texture ဆိုတာ အရာ၀တ္ထုတွေရဲ့ နုမှု၊ ကြမ်းမှု၊ မာမှု၊ ပျော့မှု၊ ကြည်မှု၊ နောက်မှု၊ ထူမှု၊ ပါးမှု စတဲ့ အသွင်အပြင်တွေကို ပြောတာပဲ။ ဖန်အိုးက ချောတယ်၊ ကြည်တယ်၊ ပါးတယ်။ စဉ့်အိုးက ကြမ်းတယ်၊ ပိတ်တယ်၊ ထူတယ်။ ဒါ မတူတဲ့ Texture တွေ၊ အင်္ကျီပိတ်စက ချောတယ်၊ ပါးတယ်၊ ပျော့တယ်။ မိုးကာဖျင်က ကြမ်းတယ်၊ ထူတယ်၊ မာတယ်။ Texture တွေ မတူကြဘူး။  ဒါတွေဟာ ၀တ္ထုပစ္စည်းတွေရဲ့ Texture ။ အခုပြောတာက Texture မတူတဲ့အရောင်တွေ။ အရောင်တွေကို အနု၊ အကြမ်း Texture အမျိုး မျိုးဖြစ်အောင် လုပ်လို့ရတယ်။ ကမ်းတယ်လို့ မြင်ရတဲ့အရောင်ဟာ ရှေ့ကိုထွက်လာလေ့ရှိတယ်။ သိပ်ကြမ်းရင် သိပ်ထွက်လာမှာပဲ။ ချောတယ်၊ နုတယ်လို့ မြင်ရတဲ့အရောင်တွေက နောက်ဆုတ်လေ့ရှိတယ်။ ဒါဟာ လူတွေရဲ့အမြင်နဲ့ အနုအကြမ်းဖစ်မှုတို့ရဲ့ ဆက်သွယ်မှုသဘာ၀ပါ။ ဒါကြောင့် နီးစေချင်တဲ့ အရောင်တွေကို Texture ခပ်ကြမ်းကြမ်းဖြစ်အောင် လုပ်လိုက်ပါ။ Technique တခုခုကိုသုံးပြီး ကြမ်းတဲ့အရောင်တွေဖြစ်အောင် လုပ်နိုင်သလို စုတ်ချက်တွေနဲ့လည်း ကြမ်းအောင်လုပ်လို့ရတယ်။ ဆီဆေးမှာဆိုရင် Pigment Value ဆိုတဲ့ဆေးသား အထူအပါးနဲ့ပြပြီး ရှေ့ထွက်အောင် နောက်ဆုတ်အောင် လုပ်နိုင်ပါတယ်။ 


အရောင်တွေကို နီးအောင်၊ ‌ဝေးအောင်၊ ရှေ့တိုးအောင်။ နောက်ဆုတ်အောင် ပြောခဲ့တဲ့အချက်တွေကို အသုံးပြုနိုင်ရင် အလွယ်တကူ လုပ်နိုင်ပါလိမ့်မယ်။ အခြားသော နည်းလမ်းများဖြင့်လည်း တီထွင်ကြံဆနိုင်ကြပါသေးတယ်။ တွေးကြည့်ကြပါဦး၊ စမ်းကြည့်ကြပါဦး။


အခု ဒီမှာ မပါသေးတာတခုက Atmosphere နဲ့ နီးအောင် ‌ဝေးအောင် လုပ်ခြင်းပါပဲ။ ပန်းချီဆရာများအတွက် အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ Atmosphere အကြောင်းပြောရမှာ အလွန်ရှည်တဲ့အတွက် သီးခြား ပြေပြထားပါတယ်။ (လေထဲမှာ အရောင်တွေရှိတယ်။) 




အရောင်တွေကို လိုသလို နီးစေ၊ ဝေးစေနိုင်ကြပါစေ။


WPM - အရောင်တွေအကြောင်း၊ ပန်းချီကားတွေအကြောင်း

=======

မူရင်းတင်သူpageကို လေးစားစွာcreditပေးပါတယ်။

အရောင်ကောင်းတဲ့ ပန်းချီကားဆိုတာ 💚💙🧡❤️💜🖤💚💙🧡❤️💜


ပန်းချီဆရာတွေဟာ အရောင်တွေ အမြဲသုံးနေရတယ်။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အသက်၀င်ချင်ကြတယ်။ အရောင်လှတဲ့  ပန်းချီကားတွေ ရေးချင်ကြတယ်။ အရောင်ကောင်းတဲ့  ပန်းချီဆရာလည်း ဖြစ်ချင်ကြတယ်။ ဖြစ်ချင်တဲ့စိတ် ရှိရုံနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်အောင်လုပ်မှ ဖြစ်လာမှာ။ ဖြစ်အောင် ဘာလုပ်ရမလဲဆိုတော့ အရောင်တွေအကြောင်း သိအောင်လုပ်ရမှာပဲ။ အရောင်တွေအကြောင်း သိလာမှ အရောင်ကောင်းတဲ့ ပန်းချီကားတွေ ရေးနိုင်မှာ။ ငယ်ငယ်ကတည်းက Color Sensation ကောင်းတဲ့လူဆိုရင်တော့ အရောင်ကောင်းတဲ့ ပန်းချီကားတွေ ရေးနိုင်လိမ့်မယ်။ ဒါမှမဟုတ် Color Sensation ကောင်းအောင် လေ့ကျင့်ရလိမ့်မယ်။ အရောင်တို့ရဲ့ လျှို့ဝှက်ချက်မှာ လေ့ကျင့်နည်းတချို့ ပြောပြထားပါတယ်။ ကမ္ဘာကျော် ပန်းချီဆရာကြီးတွေလည်း အရောင်ကောင်းတဲ့ပန်းချီဆရာ အလိုလို ဖြစ်မလာဘူး။ လေ့လာယူရတာ။ Gauguin, Vangogh, Derain, Kirchner, Nolde, Bonnard, Heckel, Delaunay, Hofmann, Kandinsky စတဲ့ ပန်းချီဆရာကြီးတွေဟာ အရောင်နောက် အရူးအမူး လိုက်ခဲ့ကြတာ။ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေ၊ ဆင်ခြင်တွေးတောမှုတွေ၊ ဝေဖန်ပိုင်းခြားမှုတွေ အများကြီးလုပ်ခဲ့ကြတာ။ တော်ရုံတန်ရုံ လိုက်စားရုံနဲ့တော့ တော်ရုံတန်ရုံလောက်ပဲ ဖြစ်လာလိမ့်မယ်။ 


အရောင်ကောင်းတဲ့  ပန်းချီကားဆိုတာ ဘာလဲ။ အရောင်ပြင်းပြင်းတွေသုံးမှ အရောင်ကောင်းတယ်ခေါ်မလား။ ဂရေးအရောင်လေးတွေနဲ့ ရေးတော့ကော အရောင်ကောင်းတဲ့ပန်းချီကား မဖြစ်နိုင်ဘူးလားလို့ မေးစရာရှိတယ်။ အရောင်ကောင်းတဲ့ ပန်းချီကားဆိုတာ အရောင်တွေ အလုပ်လုပ်နေတဲ့ ပန်းချီကားကို ပြောတာ။ အရောင်တွေ အသက်၀င်နေတဲ့  ပန်းချီကားကို ပြောတာ။ ဂရေးအရောင် ဖြစ်တာမဖြစ်တာနဲ့ မဆိုင်ဘူး။ အရောင်ပြင်းတာ မပြင်းတာနဲ့ မဆိုင်ဘူး။ အရောင်ပြင်းပြင်းတွေချည်း ဖြစ်ချင်ဖြစ်မယ်။ ဂရေးနဲ့ အရောင်ပြင်းပြင်းတွေ ရောပါချင်ပါနေမယ်။ အဓိကကတော့ ပန်းချီကားထဲက အရောင်တွေဟာ အသက်၀င်ပြီး အရသာရှိနေဖို့ပဲ။ အရုပ်တွေ အသက်၀င်နေတာကို ပြောတာမဟုတ်ဘူး။ 


အရောင်တွေ အသက်၀င်ဖို့ ဘာတွေသိထားရမလဲဆိုတော့ ပထမဆုံး သိထားရမှာက ကိုယ့်ပန်းချီကားထဲမှာ အရောင်နှစ်ရောင်ပါရင် အဲဒီအရောင်နှစ်ရောင်ရဲ့ ဧရိယာစုစုပေါင်းဟာ တစ်၀က်စီရှိနေရင် ကြည့်မကောင်းနိုင်ဘူး။ ဘာအရောင်နှစ်ရောင်ပဲဖြစ်ဖြစ် ဧရိယာတူနေရင် ကြည့်မကောင်းတာ အမှန်ပဲ။ အနီနဲ့ အစိမ်းပါနေရင် ဧရိယာတွေဟာ ၅၀%စီ ဖြစ်နေတာထက် အရောင်တစ်ရောင်ကို ပိုကျယ်ပြီး ကျန်တစ်ရောင်ကို ကျဉ်းရလိမ့်မယ်။ အနီ ၂၀%၊ အစိမ်း ၈၀%ရှိရင် ကြည့်ကောင်းသွားပြီ။ ဒီနေရာမှာ Chorma တွေ Temperature တွေ မစဉ်းစားသေးဘူး။ အရိုးရှင်းဆုံး Hue နှစ်ခုကစပြီး စဉ်းစားတာ။ Hue သုံးခု ဖြစ်လာပြီဆိုရင် (ဥပမာ- အနီ၊ အစိမ်း၊ အပြာ ဆိုပါတော့) ဒီသုံးရောင် ပေါင်းစပ်ပြီဆိုရင် ဘယ်အရောင် ဘယ်ရာခိုင်နှုန်းထားရမလဲ အရင်စဉ်းစားရမယ်။ ဒီအချိုးမှန်မှ အရုပ်တွေ ရေးသင့်တယ်။ ရေးပြီဆိုရင် အရောင်ဖြည့်တဲ့အခါ ဒီအချိုးအတိုင်း ဖြည့်ရမှာပဲ။ ဒါမှ လှမယ်။ ပိုကြည့်ကောင်းမယ်။ အရောင်တွေ အရသာရှိမယ်။ အနီ၊ အစိမ်း၊ အပြာ သုံးရောင်ပေါင်းစပ်ရင် အစိမ်းဧရိယာနည်းမလား၊ အနီဧရိယာနည်းမလား၊ အပြာဧရိယာနည်းမလား၊ ဘယ်ဧရိယာ အနည်းဆုံးထားနိုင်လဲ အရင်စဉ်းစားပေါ့။ အစိမ်းများပြီး အနီနည်းခွင့် ရှိမယ်ဆိုရင် အနီ ၁၅%၊ အစိမ်း ၆၀%၊ အပြာ ၂၅%ဆိုရင် လှလိမ့်မယ်။ ဒီနေရာမှာ အစိမ်းနဲ့ အပြာကို မိတ်ဖက်လုပ်လိုက်ရင် ရမယ်။ ဒါကြောင့် အပြာဟာ စိမ်းပြာဆန်ရလိမ့်မယ်။ အပြာထဲ အစိမ်းနည်းနည်းထည့်ပေးရမယ်။ ဒီလိုမလုပ်ရင် (၃) ရောင်ပြိုင်နိုင်တယ်။ အပြာနဲ့ အစိမ်းကို ရောလိုက်မှ အနီဟာ ပိုပြီး အသက်၀င်နေလိမ့်မယ်။ ဒါဟာ အရောင်တွေ ပေါင်းစပ်မှုအတွက် သိထားရမယ့် အခြေခံအကျဆုံး အချက်ဖြစ်တယ်။ အခြားသော အရောင် (၃) ရောင်များကိုလည်း ဒီနည်းနဲ့ ပေါင်းစပ်ကြည့်ကြပါ။ 


နောက်ထပ် (၃) ရောင် စဉ်းစားကြမယ်။ လိမ္မော်၊ အပြာ၊ ခရမ်းဆိုပါတော့ လိမ္မော် ဧရိယာ နည်းခွင့်ရှိရင် (၁၀%) ထားလိုက်ပါ။ အပြာက (၆၀%)၊ ခရမ်းက (၃၀%) ပေါ့။ ဒီနေရာမှာ ခရမ်းဟာ အပြာနဲ့ ဟာမိုနီ လုပ်ရလိမ့်မယ်။ အပြာနဲ့ ပူးပေါင်းစေသင့်တယ်။ ဒါကြောင့် ခရမ်းပြာဆန်တဲ့ ခရမ်းဖြစ်ရမယ်။ ခရမ်းနီဆန်တဲ့ ခရမ်းဆိုရင်၊ ပူတဲ့ခရမ်းဆိုရင် သိပ်မလှနိုင်ဘူး။ အေးတဲ့ခရမ်းမှ အပြာနဲ့ပေါင်းပြီး လိမ္မော်ကို အသက်၀င်အောင် လုပ်ပေးနေလိမ့်မယ်။ 


Color Scheme လုပ်တယ်ဆိုတာ ဒီကစပြီး စဉ်းစားရတာ။ ဒီလိုအချိုးပြီးမှ အရုပ်တွေ ရေးရမှာ။ Composition လုပ်ရမှာ။ ပန်းအိုးတစ်အိုး ရေးမိတယ်။ ပန်းက အဝါ၊ အိုးက အနီ၊ နောက်ခံကအပြာ၊ ဧရိယာတွေကလည်း (၃) ရောင်လုံး မတိမ်းမယိမ်း။ သိပ်မကွာလှဘူး။ ဧရိယာအချိုးတွေလည်း မပြောင်းချင်ဘူး။ ကြည့်လို့ကလည်း မကောင်းသေးဘူး။ အဝါ၊ အနီ၊ အပြာ (၃) ရောင်ပြိုင်နေတယ်။ ဘယ်လိုမှ ကြည့်မကောင်းဘူး။ အထည်ဒီဇိုင်းဆိုရင်တော့ လက်ခံနိုင်သေးတယ်။ ပန်းချီကားဆိုရင်တော့ မရဘူး။ ဒီတော့ ဘာလုပ်ရမလဲ။ ဧရိယာတွေ မပြောင်းချင်ဘူးဆိုရင်တော့ အရောင်တွေ ပြောင်းလဲရလိမ့်မယ်။ ပန်းအဝါ ထင်ရှားစေချင်ရင် အိုးနဲ့ နောက်ခံ ရောပစ်ရမယ်။ အနီနဲ့ အပြာ ပြေအောင် လုပ်ရတော့မယ်။ အပြာကိုလည်း အနီဘက်ယိုင်တဲ့ အပြာလုပ်ရမယ်။ အနီကိုလည်း အပြာဘက်ယိုင်တဲ့အနီ လုပ်ရတော့မယ်။ ဒီတော့ နောက်ခံက ခရမ်းပြာပြာ၊ ပန်းအိုးက ခရမ်းနီနီ၊ ဒါဆိုရင် နှစ်ရောင် ပြေရောသွားမယ်။ ပန်းကထင်ရှားလာမယ်။ ဒါပေမယ့် သိပ် အဆင်မပြေသေးဘူး။ ပန်းက Tone အနု၊ အိုးက Tone အလတ်၊ နောက်ခံက Tone အရင့်ဖြစ်နေတယ်။ Tone (၃) ခု ဧရိယာပြိုင်နေတယ်။ ဒီတော့ ပန်းအိုး Tone ကို ရင့်ပေးရတော့မယ်။ ဒါမှ နောက်ခံနဲ့ ပိုပြီး ပြေပြစ်သွားမယ်။ ဒီအခါ ပန်းအဝါက ပိုပြီး ထင်ရှားလှပ အသက်၀င်လာမယ်။ ဒါ အရောင် (၃) ရောင် ကြည့်ကောင်းအောင်လုပ်တဲ့ နမူနာတစ်ခုပဲ။ အခြား အရောင် (၃) ရောင်များကိုလည်း ဒီနည်းနဲ့ ကြည့်ကောင်းအောင် လုပ်ကြည့်နိုင်တယ်။ များများလုပ်ကြည့်လေ များများသိလေပဲ။ များများ သိတဲ့သူက သူများထက် ပိုတော်မှာအမှန်ပဲ။ များများလုပ်ကြည့်ကြပါ။ 


တစ်ခါတလေ ပန်းချီကားထဲက နေရာတစ်ခုဟာ အရောင်တွေ ငြိမ်နေ သေနေတတ်တယ်။ ဥပမာ- သစ်ပင်အုပ်တစ်အုပ်ပါတဲ့ ရှုခင်းရေးမယ်။ အဲဒီသစ်ပင်အုပ်ပါတဲ့ ရှုခင်းရေးမယ်။ အဲဒီသစ်ပင်အုပ်မှာ အစိမ်းတွေ အများကြီးပါတယ်။ အစုံပဲ။ အစိမ်းအမျိုးမျိုးပါနေပေမယ့် ကြည့်ရတာ အသက်မ၀င်သလိုပဲ။ ဒါဆိုရင် အစိမ်းတွေများပြီး အီနေတာဖြစ်နိုင်တယ်။ ဒီလိုအခါမျိုးမှာ အဲဒီအစိမ်းတွေထဲမှာ အနီရောင်တချို့ကို အစိမ်းရဲ့ အမှောင်ပိုင်းတွေထဲမှာ ဟိုဟိုဒီဒီ တို့ခတ်ကြည့်လိုက်ပါ။ အစိမ်းရောင်တွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မယ်။ အနီတွေ သိပ်မများစေဖို့တော့ သတိထားရမယ်။ ဒါဟာ အစိမ်းတွေ အမျိုးမျိုးများပြီး ငြီးငွေ့စရာ ဖြစ်နေလို့ပဲ။ ဒီလိုပဲ အပြာတွေများပြီး ငြီးငွေ့စရာဖြစ်နေရင် လိမ္မော် အဝါတွေများပြီး ငြီးငွေ့စရာဖြစ်နေရင် ခရမ်း စတဲ့ ဆန့်ကျင်ဘက်အရောင်တွေ ထည့်ပေးနိုင်တယ်။


တစ်ခါတရံမှာ အေးတဲ့ရှုခင်းရေးတာ မအေးဘူး ဖြစ်နေတတ်တယ်။ အေးတဲ့အရောင်တွေတော့ အမျိုးမျိုး ထည့်ရေးတာပဲ။ အေးတဲ့ အရောင်တွေချည်းပဲ ရေးပေမယ့် မအေးဘူးလို့ ခံစားနေရတယ်။ အဲဒါ အပူရောင် လုံး၀ မပါလို့ပဲ။ ဘယ်လောက်အေးတဲ့ အရောင်တွေနဲ့ပဲရေးရေး အပူရောင်နည်းနည်းမှ မမြင်ရဘဲနဲ့ အေးမှာ မဟုတ်ဘူး။ အပူရောင် နည်းနည်း ထည့်ရေးပြလိုက်မှ အပူရောင်ကြည့်ပြီး ကျန်တဲ့အရောင်တွေက အေးသွားမှာပေါ့။ ဒါက အရောင်တို့ရဲ့ အပူချိန်နဲ့ဆိုင်တဲ့ အသက်၀င်မှုပဲ။ 


ဒီဇိုင်းပဲဖြစ်ဖြစ်၊ ပန်းချီပဲဖြစ်ဖြစ် အရောင်တွေ စုံနေရုံနဲ့ အသက်မ၀င်နိုင်သေးဘူး။ ပါ၀င်တဲ့ အရောင်တွေရဲ့ အချိုးအစား၊ အသွေးအနုအရင့်၊ ပြင်းအားနဲ့ အပူချိန် စတဲ့ အရည်အသွေးတွေနဲ့ အသက်၀င် လှုပ်ရှားစေရမယ်။ 


နောက်တစ်ခုက နေရောင်တို့၊ အလင်းရောင်တို့ ရေးကြတဲ့အခါ ခရမ်းရောင်ရဲ့ အရေးပါမှုကို သတိထားသင့်တယ်။ Indoor ရေးတဲ့အခါ အညိုရောင်ဟာ အဓိကကျသလို Outdoor ကျတဲ့အခါ ခရမ်းရောင်ဟာ အဓိကပဲ။ သူမပါဘဲနဲ့ နေပူလို့ မရဘူး။ အလင်းအမှောင် အရောင်တွေဟာ သူမပါဘဲ အသက်မ၀င်နိုင်ဘူး။ အမှောင်နဲ့ အရိပ်တွေဟာ ခရမ်းနဲ့ရေးမှ အရောင်ရဲ့ အရသာ၊ အရိပ်ရဲ့ အရသာ ပီပြင်တယ်။ အမှောင်နဲ့ အရိပ်တွေကို ခရမ်းနဲ့ ရေးပြီးမှ Local Color တို့ Reflected Light တို့ Reflection တို့ကို ရှာပြီး ရေးရတယ်။ 


နောက်ပြီး ခရမ်းဟာ အပူနဲ့ အအေးကြားမှာရှိတဲ့ အနွေးရောင်ဖြစ်တယ်။ ခရမ်းနဲ့ အရင်ရေးပြီးမှ အပူဘက်ကူးကူး၊ အအေးဘက်ကူးကူး လွယ်လွယ်နဲ့ ကူးလို့ရတယ်။ အပူရောင်တွေနဲ့ အအေးရောင်တွေရဲ့ကြားမှာ ခရမ်းအမြဲရှိတယ်ဆိုတာ သိထားလိုက်ပါ။ 


နောက်တစ်ခုက Spectrum ဆိုတဲ့ ရောင်စဉ်ရဲ့ အရေးပါမှုပဲ။ ပန်းချီကားပဲဖြစ်ဖြစ်၊ ဒီဇိုင်းပဲဖြစ်ဖြစ်၊ လူသုံးကုန်ပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ် အဲဒီမှာ အဝါရောင်နဲ့ အနီရောင်ပါနေတယ်ဆိုပါတော့။ အနီနဲ့အဝါ ဘယ်အချိုးအစားနဲ့ ဘယ်လိုအနေအထားနဲ့ပဲ ပါနေနေ လိမ္မော်ရောင်အနည်းငယ် မပါဘဲနဲ့ အဲဒီအနီနဲ့ အဝါဟာ အသက်မ၀င်ဘူး။ အသေတွေလို ငြိမ်နေကြလိမ့်မယ်။ တစ်ရောင်နဲ့တစ်ရောင် အဆက်အသွယ်လုပ်ကြမှာ မဟုတ်ဘူး။ ကြားခံ လိမ္မော်ရောင် ထည့်ပေးလိုက်မှ အရောင်တွေ တစ်ရောင်နဲ့ တစ်ရောင် ဆက်သွယ်ပြီး အသက်၀င်လာလိမ့်မယ်။ အစိမ်းနဲ့ အပြာဆိုရင် စိမ်းပြာပါမှ။ ခရမ်းနဲ့ လိမ္မော်ဆိုရင် အလယ်က အနီပါမှ အရောင်တွေ ကူးဆက်သွားမှာ။ လိမ္မော်နဲ့ ခရမ်းနီတို့ ပါလာရင်တော့  ပိုပြီးကောင်းတာပေါ့။ 


အရောင်တွေဆိုတာ Spectrum ဆိုတဲ့ ရောင်စဉ်အတိုင်းရှိမှ ပိုပြီး အသက်၀င်လှုပ်ရှားတယ်။ ရောင်စဉ် အဆက်ပြတ်နေရင် အလုပ်သိပ်မလုပ်ကြဘူး။ သဘာ၀ထဲက အလင်းနဲ့ အရောင်တွေဟာ Spectrum အတိုင်း အစဉ်လိုက် ရှိနေကြတယ်ဆိုတာ လေ့လာကြည့်ကြပါ။ သဘာ၀ကို ပြန်ရေးပြမယ့် ပန်းချီဆရာဆိုရင်တော့ သဘာ၀ထဲမှာ အလင်းနဲ့အရောင်ဟာ Spectrum အတိုင်း အစဉ်လိုက်ရှိနေတယ်ဆိုတာ မသိလို့ မရပါဘူး။ 


အရုပ်ရေးတဲ့ပန်းချီဆရာနဲ့ အရောင်ရေးတဲ့ပန်းချီဆရာ မတူဘူး။ အရုပ်ရေးတဲ့ ပန်းချီဆရာက အရုပ်တွေ အသက်၀င်ဖို့ အရေးကြီးသလို အရောင်ရေးတဲ့  ပန်းချီဆရာအဖို့လည်း အရောင်တွေ အသက်၀င်ဖို့ အရေးကြီးတယ်။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အသက်၀င်နေပြီ၊ အသက်မ၀င်သေးဘူးဆိုတာ သူများသွားမေးဖို့ မလိုဘူး။ ကိုယ့်ဘာသာ သိရတယ်။ ကိုယ့်အာရုံနဲ့ကိုယ် သိရတယ်။ ဒီလို သိနိုင်တဲ့အာရုံကို ပိုင်ဆိုင်ထားရမယ်။ အရောင်တွေနဲ့ ကိုယ် သိပ်ရင်းနှီးလာတဲ့အခါ အဲဒီအာရုံကို ပိုင်ဆိုင်ခွင့် ရှိလာလိမ့်မယ်။ ဒါကြောင့် အရောင်တွေနဲ့ ရင်းနှီးအောင်နေပါ။ အရောင်တွေကို ချစ်ပါ။ အရောင်တွေကို တန်ဖိုးထားပါ။ အရောင်တွေကို အလုပ်သမားတွေလို ခိုင်းစေတဲ့ ပန်းချီဆရာမှာ ဒီလိုအာရုံမရှိနိုင်ဘူး။ အဲဒီလိုလူကို အရောင်တွေက သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ အရောင်တွေကို ချစ်မှ၊ အရောင်တွေကို တန်ဖိုးထားမှ သူတို့ကို မိတ်ဆွေကောင်းတွေလိုပေါင်းမှ သူတို့က လျှို့ဝှက်ချက်တွေကို ပြောပြတာ။ အဲဒီတော့မှ သူတို့ရဲ့ သဘာ၀၊ သူတို့ရဲ့ အပြုအမူ၊ သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကောင်းကောင်းနားလည်နိုင်တာ။ အဲဒါတွေ နားလည်တော့မှ ကိုယ့်ပန်းချီကားထဲက အရောင်တွေဟာ အသက်၀င်ပြီး အရသာတွေ ရှိလာတော့မှာ။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အရသာရှိပြီး အသက်၀င်စေချင်ရင် အရောင်တွေကို ခိုင်းဖို့ မကြိုးစားပါနဲ့။ အရောင်တွေကို ချစ်တတ်ဖို့ ကြိုးစားလိုက်ပါ။ 


ဝင်းဖေမြင့်



Francis Bacon ရဲ့ စကားစုကို လက်ဆောင်ပါးလိုက်ပါတယ်။ 


"The Job of the artist is always to deepen the mystery."


၀င်းဖေမြင့် (WPM)


====

မူရင်းတင်သော pageကို လေးစားစွာcreditပေးပါတယ်။

ပန်းချီဆွဲတဲ့လူရဲ့ကမ္ဘာဟာ ပန်းချီမဆွဲတဲ့သူရဲ့ကမ္ဘာထက် ပိုလှတယ်(1) ဝင်းဖေမြင့်

 


ပန်းချီမဆွဲတဲ့ သာမန်လူတွေအဖို့ စျေးထဲသွား  ပန်းတွေလှတာလောက်ပဲသိမယ်။ အသီးတွေ  အရွက်တွေ  လှနေတာ

သာမန်လူတွေမသိန်ုင်ဘူး။ ခရမ်းချဉ်သီးလေးတွေ  နေရောင်အောက်မှာ  နီရဲပီးလှနေတာ  ခရမ်းသီးရှည်ရှည်လေးတွေ ချောပြောင်နေတာ  သံပရိုသီးလေးတွေဝါဝင်းပီးလှနေတာ  သာမန်လူတွေ မမြင်တတ်ဘူး။ ပန်းချီရေးဆွဲတဲ့သူတွေက အဲ့ဒီအလှတွေကိုမြင်တတ်တယ်။ 

           အမဲသားဆိုင်က အမဲသားတုံးကြီးတွေ ချိတ်ထားတာကို ကြည့်ကောင်းနေတယ်လို့ သာမန်လူတွေဘယ်မြင်မှာတုံး။ ပန်းချီဆရာတွေက အဲ့ဒီချိတ်ထားတဲ့ အမဲသားတုံးကြီးကိုတောင်လှတယ်လို့မြင်နေတတ်တာ။ 

         ဒါက စျေးနဲ့ပတ်သက်ပီးပန်းချီဆွဲတဲ့သူက သာမန်လူတွေထက် အလှပတွေကို ပိုပီးမြင်တတ်တာ။ 

           နောက်ထပ်ပြောချင်တာက မိုးကောင်းကင်ကြီးရဲ့အလှကို ပန်းချီဆွဲတဲ့သူတွေက ပိုပြီးမြင်တတ်တာပါ။

သာမန်လူတွေအဖို့ တခါတရံမှသာ မိုးကောင်းကင်ကိုမော့ကြည့်တတ်ကြတာပါ။ မိုးကောင်ကင်ကြီးရဲ့အလှကို သိပ်မမြင်တတ်ပါဘူး။ စိတ်လည်းမဝင်စားကြပါဘူး။ ဆောင်းဉီးပေါက်ညနေ နေမဝင်မှီ မိုးသားထုကြီးနှင့် ပန်းဆီရောင်တိမ်တွေတောက်နေရင်တော့ လူတိုင်းမော့ကြည့်ပီး သိပ်လှတာပဲလို့ပြောကြလိမ့်မယ်။ မိုးဉီးနေ့လည် ကောင်းကင်ပြာ​​ကြီးထဲမှာတိမ်ဖြူဖြူလေးတွေ အဆုပ်လိုက်အဆုပ်လိုက် လွှင့်မြောနေတာကိုမြင်ရင်  လှလိုက်တာလို့ ပြောတဲ့သူ တချို့တော့ရှိပါလိမ့်မယ်။ ခဏတဖြုတ်ပဲ ကြည့်မိပါလိမ့်မယ်။

ပန်းချီဆရာတွေကတော့ အဲ့ဒီတိမ်ဖြူဖြူလေးတွေနဲ့ ကောင်းကင်ပြာကြီးကို တနေကုန်ထိုင်ကြည့်နေတတ်ကြတယ်။ သာမန်လူတွေထက် ပန်းချီဆွဲတဲ့သူတွေက ပိုပြီးမြင်တတ် ခံစားတတ်ကြတယ်။ ကောင်းကင်ကြီးတခုလုံး နေပူနေရာက မိုးရွာမယ့်တိမ်မည်းမည်းကြီးတွေ ထုနဲ့ထည်နဲ့ တက်လာနေတာကို သာမန်လူတွေအဖို့ အရေးလုပ်ပီး အရသာခံကြည့်နေကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပန်းချီဆရာဆရာမတွေက လှလွန်းလို့ စိတ်ဝင်စားလွန်းလို့

မိုးရွာသည်အထိ ထိုင်ကြည့်နေကြတာ။ သူတို့အဖို့ မိုးရွာမယ့်တိမ်မည်းမည်းကြီးတွေကလည်း အင်မတန်ကိုလှနေတာ။ ဒါက မိုးကောင်းကင်ကြီးရဲ့အလှနဲ့ ပတ်သက်တာတချို့ပေါ့။(ဆက်ပါဉီးမည်)


ဆရာဝင်းဖေမြင့်