““ဆိတ်ငြိမ် အချစ်တွေရဲ့ မျက်နှာ””
ချစ်ခဲ့ပြီးနောက် ၊ ငါ့စိတ်ကူးယဉ်အိမ်မက်ထဲ ထပ်ဟပ်တဲ့မျက်နှာ
ဖမ်းစားနိုင်လွန်းလို့ လွမ်းမျက်ရည်“ ကူရှင် ” မပါဘဲ ငါမကြည့်နိုင်ဘူး ။
ဒီဆွဲဆောင်နိုင်လွန်းတဲ့မျက်နှာကို အချိန်ရှိတဲ့ နေ့ရက်တွေမှာ
ခွဲခွာရတာ ဆုံးရှုံးသွားမှာကို စိုးရိမ်ရတယ် ။
ဒါ ...ချစ်သူတွေရဲ့ ခွဲခွာမှု အမွေအနစ်ပဲ...
ဆိတ်ငြိမ် ဇန်န၀ါရီညမှာ နှင်းပွင့်လေးတွေကိုကောက်ရင်း တစ်ကိုယ်တည်းထိုင်တော့
ငါ့ အိမ်မက် နင့်အလှအောက်မှာ ကျစ်ဆံမြီးလေး ဖြစ်သွားတယ် ။
ပန်းပွင့်မနက်များ ၊ လသာညနေများ ၊ မိုးရွာညများ..
ဒါချစ်သူကို တမ်းတတဲ့ အချိန်တွေတဲ့
ငါလည်း ဒီဆိတ်ငြိမ်အချိန်တွေမှာ ညီမလေးကို အများကြီးလွမ်းမိသပ ။
လှပမှုပြင်းထန်လွန်းလို့ ငါ့နှလုံးသားကို လှုပ်ရွှစေတဲ့ မျက်နှာ...
ငါ့နှလုံးသားကို ချစ်အောင်လှုပ်ရွှစေတဲ့အခါ
ပန်းတွေလည်းပွင့် ၊ လတွေလည်းသာ ၊ မိုးတွေလည်းရွာ...
ဒီဆိတ်ငြိမ်အချိန်တွေမှာ.ညီမလေးကို..အများကြီး ချစ်မိ သပ ။
No comments:
Post a Comment