Pages
““ ပြန်မလာတော့မယ့် နှင်းဆီ ””
အချစ်အတွက် ဆီမီးခွက်ကို လေငြိမ်တဲ့ အရပ်မှာ ထွန်းညှိ
တခြားသူအပေါ် မလှုပ်ရှားတဲ့အချစ်နဲ့ ချစ်ခဲ့တာတောင်
နင်က အချစ်သစ်နဲ့ ရက်စက်စွာခရီးနှင်တော့
လမဲ့ကောင်းကင်မှာ တစ်ကောင်တည်း ပျံသန်းတဲ့ငှက်
ပြူးကြောင်ကြောင်နဲ့ ငါ ဖြစ်သွားရတယ်။
တိတ်ဆိတ်လရဲ့ ကြယ်ကြွေသံကိုတောင် ငါ မုန်းတယ်။
ငါ မှန်ထဲကြည့်တဲ့အခါ ၊ အပြုံးတွေလင်းလက် မလာတော့ဘူး
ဒါကြောင့် ကြွေကျပြီးသား ကောင်းကင်က ကြယ်တစ်ပွင့်ကို
ငါ သဲသဲမဲမဲ လိုက်မရှာတော့ဘူး။
ခြောက်သွေ့တဲ့ ဂန္ဒရမှာ မပျော်ရှာတဲ့
နှင်းဆီပန်းပင်ကိုမှ တယုတယ ပျိုးခဲ့မိတယ်။
ငါကြိုက်တဲ့ နှင်းဆီပန်းလောက်
လတ်ဆတ်ပန်းရုံ ရနံ့ငါမမွှေးဘူး
တော်ပါပြီ ၊ ကြွေကွဲစိတ်တွေ စူးရှလို့
သတိရခြင်းတွေ အနားပေးလိုက်ပါပြီ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment