““ လှပမှုတွေဆုပ်ကိုင်ထားတဲ့ ညီမလေး ””
နှင်းတွေဝေနေတယ် နေရောင်မမြင့်ခင်အထိတော့
ဝေနေမှာပဲ ဒီလိုပါပဲ အချစ်ဆိုတာ..........
အရွယ်ရင့်တဲ့အထိ ရှိနေမှာဘဲ....
ငယ်သေးတဲ့ ညီမလေးရယ် ပျော်ရွင်မှုတွေဆုပ်ကိုင်ထားနိုင်ဖို့
အချစ်ကိုမျက်ကွယ်ပြုပါ.......
ဒီအရွယ်မှာ အချစ်ကို စိတ်ကူးယဉ်တာ မဆန်းပေမယ့်
ပန်းကောင်းအညွှန့်ကျိုးတာတော့ဆန်းတယ်
ဒီတော့ ရင်ကျိုးရတဲ့ မိဘတွေ ဘယ်လောက်များလဲ
ညီမလေးကို မိဘကျေးဇူးဆပ်တဲ့သူဖြစ်စေချင်တယ်
အောင်မြင့်မှုတွေ ဆုပ်ကိုင်ပြီး ဆက်လျှောက်ပါ
နေခြည်ဦးမှာ ပွင့်ဖူးနေတဲ့ ပန်းကလေး
စောစောစီးစီးတော့ မကြွေလင့်ပါနဲ့
ပျားပိတုန်းတွေကတော့ ၀ဲနေမှာပဲကွယ်
အစွမ်းကုန်မွှေးပျံ့ပြီးလောကကြီးကို အလှဆင်ပါလေ...........
( ဆောင်းတစ်ရာမင်း )
No comments:
Post a Comment