ကျယ်ဝန်းသယောင် နဖူးပေါ်မှာ ဆံနွယ်လေးတွေ
အစီအရီ ငြိမ်သက်လျှက်
တစ်ခါတစ်လေ လေအဝှေ့မှာ
ယိမ်းနွဲ့တတ်လေရဲ့
ဖိုမြီးလေး ကျစ်တတ်တဲ့ကောင်မလေးရယ်
နေရာမလပ် မရှိတော့လောက်အောင်
မင်းကိုသတိရကြောင်းတွေ ရေးခဲ့တာ
ငါ့ အသည်းနှလုံးတစ်ခုလုံးတောင်
အကြမ်းစာအုပ်တစ်အုပ်ဖြစ်နေပြီ
ငါရေးထားတဲ့ ကဗျာတွေကို မင်းသာဖတ်မယ်ဆိုရင်
ချစ်သူနှတ်ခမ်းက ပွင့်ထွက်လာမယ့် စကားလုံးတွေကို
ရင်ခုန်ခွင့်ရှိမှာပေါ့
ငါတစ်ယောက်တည်းရေးပြီး ငါပဲဖတ်နေရပေမယ့်
နင့် ကိုချစ်တဲ့စိတ်နဲ့ ကဗျာတွေ ဆက်ရေးနေအုံးမှာပါ..
No comments:
Post a Comment