ကျောင်းသူလေး
အခုဆိုစိန်ပန်းပန်းနီနီတွေက
တစ်ပင်လုံးပွင့်ဝေနေပြီ ကုန်ဆုံးသွားရာသီတွေရဲ့ ပြန်လည်ရောက်ရှိလာခြင်းသင်္ကေတတွေပါ
ကျောင်းရှေ့မှာ ရှင်းသူမဲ့နေတဲ့ မြက်ပင်စိမ်းစိမ်းတွေ
တံခါးပိတ်ထားတဲ့ကျောင်းခန်းတွေ ၊ ကျောင်းရှေ့ကစိန်ပန်းပင်နီနီတွေ
အရင်တုန်းက တက်ခဲ့တဲ့ အတန်းလေးကိုလွမ်းလိုက်တာ
အမိကျောင်းတော်ကြီးက ပညာတတ်လူငယ်တွေမွေးထုတ်ပေးဖို့
အပိုချိန်တွေခေါ်နေပြီ
အခုဆို ကျောင်းရှေ့မှာ အဖြူအစိမ်းလေးတွေကိုယ်စီစတ်လို့
ကျောင်းသားတွေရဲ့ ခြေရာတွေ ကျောင်းထဲမှာတစ်ဖန်ပြန်ထင်ဟပ်လာပြီ
အင်္ကျီအဖြူ လုံချည်အစိမ်းလေးနဲ့
ဆံပင်လေးကို နောက်မှာသပ်သပ်ရပ်ရပ်ချည်နှောင်ထားတဲ့ညီမလေးရယ်
မင်းပုံစံလေးကအရမ်းဖြူစင်လှပါတယ်
ကိုယ်မင်းကို အရမ်းချစ်တယ် ဒါပေမယ့်ကွယ်
ပညာရှာနေတဲ့ မင်းဘေးနားမှာ အရှုပ်ထုတ်အဖြစ်နဲ့
တွယ်ကပ်မနေချင်ပါဘူး အဝေးကရောချစ်လို့မရဘူးလား
2012/2013 ပညာသင်နှစ်မှာဂုဏ်ထူးတွေနဲ့အောင်မြင်ပါစေလို့
ဆုတောင်းပေးလိုက်ရင်း.........
မမေ့နိုင်သော လူတစ်ယောက်......
No comments:
Post a Comment