Pages

အာရုဏ်နံနက်ခင်း

ဆောင်းမနက်ခင်းရဲ့ အာရုဏ်လန်းဆန်းမှု
ဖျန်းပက်ခံ နှင်းပန်းတွေနဲ့အတူ
နင့်အပြုံးတွေ ချွေချတော့
ငါ့အိမ်မက်၊ နုနယ်တဲ့ နှလုံးသားမှာ
နွယ်ပင်လေး တွယ်ကာငြိပြီ။

အချစ်၊ အချစ်ကြောင့် ပျော်ရွှင်တာ
နင့်အပြုံးအောက်မှာ တစ်ရေးမှိတ်တော့
ငါ့မာန ပတ်လည်ပျံဝဲတဲ့ ဖြုတ် ငယ်ငယ်လို
သိမ်ငယ်စွာ အလိုလို အားနည်းချိနဲ့။

ပါးလျတဲ့ နှလုံးသားကို လှုပ်ရွစေတဲ့ အချစ်
တိုးထွက်မှု ဒီလှိုင်းတွေ မီးတောင်ရှင်ကို အဖော်ပြုတဲ့အခါ
နှိုးထနေတဲ့ ကြင်နာခြင်း အငွေ့အသက်ပါ
ကိုယ့်မျက်ဝန်းတစ်စုံကိုတော့ နင်သတိပြုမိမှာပါ။

ကြင်နာမှု၊ ချစ်ခင်မှုတွေကို သက်သေပြု
ဒီစကားလုံးလေးတွေကို ကျေးဇူးပြုပြီး နမ်းရှိုက်ကြည့်ပါ
အာရုံလန်းဆန်းမှုကို အရေးပါတဲ့ နေရောင်ခြည်
ငါနှိုးထနံနက်တွေတိုင်း နင့်ကြောင့်သာ
အရာရာ ပြည့်စုံသွားရတာပါ။

No comments:

Post a Comment