ညီလေးသို့
တစ်မြို့ဆီ ဝေးလို့
ညီလေးဖတ်ဖို့ စာကိုစီ ။
အမေနဲ့ရွာကို အလွမ်းတွေနဲ့
လွမ်းလို့သာ မပျော်ရှာရင်ဖြင့်
ညီ့ခမျှာ ငိုလို့နေပြီ ။
လိမ္မာနေ ငွေတွေစုလို့တဲ့
အိမ်မှာနေ အကျိုးမရှိဘူး ဟုရယ်လို့
ထင်ရှုလို့ အလုပ်မှီ
ငါ့ညီကို လွမ်းမြဲ ။
တိမ်းမစောင်းပါမှ
ကိန်းအောင်းရာ တကယ်ရှားတဲ့
ကြိုးစားစွာ ရိုးသားစမ်းပါ
အောင်စခန်းကို ရောက်ရှိမလွဲ။
( ဆောင်းတစ်ရာမင်း )
No comments:
Post a Comment