တစ်ယောက်တည်းသမား
စကားလုံးပါးပါးတွေ ၀ါးစားတဲ့အခါ
နှုတ်ဆိတ်မိသော အချိန်တွေများလာတိုင်း
ငါ့အနားမှာ အထီးကျန်ခြင်းတွေသာ ရှိတော့တယ်
မနောက်တတ် မပြောတတ်
မေ့တတ်တဲ့အခါ ဆုံးရှုံးခြင်းတွေသာ ပိုပို လာတယ်
ပန်းချီဆွဲကာ ကဗျာရေးတယ်
ငါ့အတွေးတွေ ငြိမ်သက်
စာရွက်ပေါ် ထွန်ယက်တော့တယ်
ပန်းချီတွေရှင်သန်ဖို့ ကဗျာတွေနဲ့ အသက်သွင်းလိုက်တဲ့အခါ
ခံစားချက်တွေ စကားပြောတတ်လာတယ်
အထီးကျန်ခြင်း စာရွက်တွေအပေါ်
ပျော်ရွှင်ခြင်းတွေ ပေါ်ပေါက်လာတဲ့အခါ
တစ်ယောက်တည်း နေတတ်သွားတယ် .... ။ ။
( ဆောင်းတစ်ရာမင်း )
No comments:
Post a Comment