Pages
အချစ်တစ်ခု အလွမ်းနှစ်ခု
အခုဆိုရင် နေမြင့်လေ အလွမ်းရင့်လေပဲ
နောက်ဆိုရင် ဘာဖြစ်လာမလဲ ?
အချစ်က လူကိုရူးစေနိုင်တယ်တဲ့
ကိုယ့်ကို သနားရင် ပြန်ချစ်ပါ.......
ညီမလေးရယ်......
လွမ်းတယ် လွမ်းတယ် လို့အကြိမ်ကြိမ် အော်မိလို့
မိုးကောင်းကင်ကြီးတစ်ခုလုံး
အက်ကွဲသံလား ကိုယ်ကြားလိုက်တယ်
ဒေါနဲ့မောနဲ့ မိုးစက်တွေက
ကိုယ့်မျက်ဝန်းထက်မှ မျက်ရည်စက်တွေကို လှောင်နေတယ်
မြေနိမ့်ရာ လှံစိုက်တဲ့အဖြစ်
အချစ်တောင် ဒီစကားပုံက မလွတ်ချင်
အလွမ်းတွေက အဆမတန်များပြီး
အများကြီးထင်ခဲ့တဲ့ အချစ်က
မရှိသလောက်နည်းတယ်
ကွဲဟယ်အသည်းနှလုံး မင်းအပြုံးနဲ့ လဲမယ်......... ။
( ရောင်နီရဲ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment