မသေချာတဲ့ လောက ကမ္ဘာကြီးထဲ
အသေအချာ မင်းရှိနေဖို့တစ်ကယ်ကို
လိုအပ်ခဲ့တာပါ ။
မီးလောင်နေတဲ့ ကမ္ဘာကြီးထဲ
မင်နှလုံးသားကိုလဲ
နင်းပြီး ငါ အသက်မရှင်ချင်ဘူး ။
မင်းနဲ့ ပတ်သက်နေသမျှတော့
ငါ့နှလုံးသားကို
ငါကိုယ်တိုင် နေ့တိုင်း
တံမြက်စည်းလှဲ ထားတယ်နော် ။
နှလုံးသား တခုလုံးပေးဆပ်ပြီးတာတောင်
လုံလောက်တယ် မထင်မိပါဘူး
အမုန်းတရားတွေ ဖြေလျော့
မာန်မာနတွေကိုချော့ပြီး
မင်းရဲ့ ခြေဖ၀ါးအောက်
အရောက်ပို့လိုက်မိတာ
ဘယ်ဘက် ရင်ဘတ်ထဲက
နှလုံးသားပါပဲ ။
အတွေးနဲ့ပဲ စိုးကြောက်မိတယ်
မင်းသာမရှိခဲ့ရင်တော့
နေရတာ ဘယ်လိုမှ
အဆင်မပြေဘူး အချစ်ရေ ။
စကြာဝဌာ ထဲမှာရှိတဲ့
တခုတည်းသောကောင်းကင်
မင်းကိုသတိရတိုင်း မော့ကြည့်နေမိတယ်
သေကွဲရှင်ကွဲတွေ များတဲ့လောကကြားမှာ
သေကွဲလဲ မကွဲချင်သလို
ရှင်ရက်နဲ့လဲ မဝေးချင်ဘူး ။
ငါကဗျာတွေရေးနေတာ
ဘာကြောင့်များလဲ
သေချာတာတစ်ခုတော့သိတယ်
ကြွားစရာဘာမှမရှိတဲ့ဘဝ
အဲဒီဘ၀ထဲဝင်လာတဲ့ သံယောဇဉ်တွေ
မင်းရဲ့အရိပ် ငါ့အနောက်မှာ
အမြဲရှိနေလို့ နှလုံးသားထဲက
ခံစားချက်တွေ အတုံးအရုံး
ဒီအရိပ်ကြောင့်လဲ
ငါတစ်ယောက်ထဲရှိနေလဲ
အထီးကျန်ခြင်းဆိုတာ
ငါမသိခဲ့ရဘူး
ဘုရားသခင်ပေးတဲ့
အကောင်းဆုံးလက်ဆောင်ဟာ
ငါ့ဘ၀မှာ မင်းပါပဲ ။
ဖျတ်ကနဲ အကြည့်တချက်က
ဇတ်ကနဲ နှလုံးသားကို
ဆွဲနုတ်လိုက်တာ သိပ်ကိုမြန်ဆန်လွန်းလှတယ်
အတပ်ပြောနိုင်တာ တခုကတော့
တောင်မင်း မြောက်မင်း
ဘယ်ဘုရားမှ မကယ်နိုင်တဲ့ သေကွဲရှင်ကွဲတွေ
သေခြင်းတရား ရောက်မလာသရွှေ့
(ဘ၀ရဲ့နောက်ဆုံး)အချိန်ထိအောင်
မခွဲအတူ တွဲလက်မြဲမြဲ
ရှိနေချင်တာပါ ။