း
********************************
ပန်းချီကားတွေက အမျိုးမျိုးဘဲ
ဘယ်ဟာက ပန်းချီကားအစစ်လည်းတဲ့
သူတို့သိချင်တာကို
ရိုးရှင်းစွာမေးတတ်သည့်
လူငယ်တွေအတွက်
အလွန်ဝမ်းသာမိပါသည်
မသိတာကိုသိချင်ယောင်ဆောင်သူများ
အဖို့အတွက်တော့ ဘယ်သော်အခါမှ
မသိရတော့ပါဘူး
အကုန်လုံးဟာ ပန်းချီတွေပါဘဲ
ဖန်တီးသူရဲ့ ကွဲပြားမှုကြောင့်
နာမည်ပညတ်တွေတော့ရှိပါသည်
ဘာသာရေးရှုဒေါင့်ကနေ
ဥပမာပြောရရင်
မြန်မာနိုင်ငံမှာ ကိုးကွယ်နေသော
သံဃာရတနာသည်
အမည်ပညတ်ဂိုဏ်းကြီးကိုးဂိုဏ်း
ကွဲသွားခဲ့ပါသည်
ထင်ရှားသည့်ဂိုဏ်းတွေက
သုဓမ္မာဂိုဏ်း
ရွှေကျင်ဂိုဏ်း
ဒွါရဂိုဏ်းတို့ဖြစ်ကြပါသည်
၎င်းကွဲပြားနေသော
သံဃာ့ဂိုဏ်းတွေကို ဘယ်ဟာသည်
သံဃာအစစ်လည်းလို့
မမေးကောင်းပါဘူး အားလုံးသည်
သံဃာတော်များဖြစ်ကြပါသည်
မိမိကြိုက်နှစ်သက်ရာဂိုဏ်းကို
မိမိစိတ်တိုင်းကျရွေးပြီး
ကိုးကွယ်နိုင်ပါသည်
ကိုယ့်ကိုးကွယ်သည့်ဂိုဏ်းကမှ
သံဃာအစစ်ဆိုရင်
သည်ဗုဒ္ဓဘာသာဝင်သည်
သူကိုးကွယ်နေသော
သံဃာတော်တွေရဲ့ အဆုံးအမကို
အပြည့်အဝမရသေးသူဟု
ယူစရပါလိမ့်မည်။
သည်လိုပါပဲ
ပန်းချီမှာလည်း
အမျိုးအမည်တွေ အများကြီးရှိပါသည်
မိမိကြိုက်နှစ်သက်ရာကို
မိမိစိတ်တိုင်းကျရွေးပြီး
ခံစားခွင့်ရှိပါသည်
လူပုံတူမှပန်းချီ
ရှုခင်းမှပန်းချီ
ဆေးတွေအများကြီးချယ်မှပန်းချီဟု
ဝိဝါဒမကွဲပြားသင့်ပါဘူး
ပန်းချီအမျိုးပေါင်းများစွာထဲက
သုံးမျိုးလောက်ကို ပြောပြချင်ပါသည်
ရီရယ်လစ်ဇင်(realism)
ယထာဘူတ သရုပ်မှန်ဝါဒ
အရှိကို အရှိတိုင်းလှပအောင်
ရေးထားသည့်ပန်းချီ
အင်ပရက်ရှင်(impressionism)
အသေးစိတ်မချယ်မှုန်းဘဲ
ယေဘူယျပုံပေါ်အောင်သာ
ရေးသောဝါဒ
မိမိမြင်သလိုခံစား၍ မူလပုံလည်းမပျက်
မိမိစိတ်ခံစားမှုလည်းပါဝင်သော
ရေးဆွဲနည်းပန်းချီ
အက်စထရက်(Abstraet)
ဘာကိုမှရည်ညွှန်းချက်မရှိ
ပုံသဏ္ဍာန်မရှိ
အကျိုးအကြောင်းညီညွှတ်မှုရှိ
ကြည့်သူ၏ စိတ်နှလုံးကို
သိမ်းယူထားမှုရှိသော
အဆီအနှစ်ဟုဆိုသောပန်းချီ
သည်ပန်းချီသုံးမျိုးတွင်
နောက်ဆုံးအက်စထရက်ပန်းချီ
အကြောင်းကို ပြောပြချင်ပါသည်
သည်ပန်းချီကို သေသည်အထိ
ရေးဆွဲသွားသော
မင်းကွန်းဒေသက
ပန်းချီဆရာကြီးရာဟုလာရဲ့
သူ့အမြင် သူ့ခံယူချက်တွေကို
လူငယ်တွေအတွက် ပြန်လည်မျှဝေ
ပေးခြင်းဖြစ်ပါသည်။
လွန်ခဲ့သောရက်ပိုင်းက
မင်းကွန်းဒေသကို ရောက်ခဲ့ပါသည်
မင်းကွန်းမှာ ရန်ကုန်မြို့မှ
လာရောက်အနားယူပန်းချီရေးနေသည့်
ဆရာဦးနေထွန်းနှင့်တွေ့ဆုံခဲ့ရပါသည်
ဆရာဦးနေထွန်းဟာ
ရန်ကုန်ဇာတိဆိုပေမဲ့
မင်းကွန်းဒေသနှင့်မစိမ်းပါဘူး
ဆရာဦးရာဟုလာနှင့်လည်း
အင်မတန်ရင်းနှီးချစ်ခင်မှုရှိခဲ့ပါသည်
ဆရာဦးရာဟုလာ မကွယ်လွန်ခင်
(၁)နှစ်အလို ၂၀၁၀ ခု
ရန်ကုန်မြို့မိုးခပန်းချီပြခန်းမှာ
ပန်းချီရာဟုလာ
တစ်ကိုယ်တော်ပြပွဲ ပြဖြစ်တော့
အက်စထရက်ပန်းချီနှင့်ပတ်သက်လို့
မေးကြပါသည် ဆရာရာဟုလာက
အက်စထရက်ကို
မြန်မာနည်း မြန်မာ့ဟန်ဖြင့်
အလွယ်ဆုံးလူနားလည်အောင်
ပြောပြခဲ့သည်ကို ဆရာဦးနေထွန်းက
ပြန်လည်ပြောပြပါသည်။
ဆရာဦးရာဟုလာပြောပြချက်
@@#####$&-++&+((+())())
အက်စထရက်ဆိုတာ
ဂီတလိုမျိုးဘဲ စိတ်နှလုံးကို
ကိုင်လှုပ်နိုင်စွမ်းရှိပါတယ်
မြန်မာဂီတပညာရှင်ကြီး
ဆရာမြို့မငြိမ်းဟာ
ဂီတဖြင့် ပန်းချီနှစ်ကားရေးပြသွားတယ်
ပထမကားသည် တိမ်လွှာမို့မို့လွင်
ဒုတိယကားကတော့
မပြီးသေးသောပန်းချီကားတို့ဖြစ်တယ်
တိမ်လွှာမို့မို့လွင်ဟာ
အင်ပရက်ရှင်ဘဲ
သူ့အမြင်ကို သူ့ခံစားမှုအတွေးဖြင့်
ရေးဖွဲ့ပြခြင်းဖြစ်တယ်
ဒီသီချင်းဟာ ဆရာမြို့မငြိမ်း
မကွယ်လွန်ခင် ရက်ပိုင်းအတွင်းက
နောက်ဆုံးရေးသွားသောသီချင်းပါ
ဒုတိယပုဒ်ဖြစ်တဲ့
မပြီးသေးသောပန်းချီကားသီချင်းဟာ
အခုပြောချင်တဲ့
အက်စထရက်ပန်းချီအကြောင်းပါဘဲ
ခင်ဗျားတို့
ဒီသီချင်းကို သေချာနားထောင်ကြည့်ပါ
မပြီးသေးသော ပန်းချီကား
-----------------------------------
မျက်စိကိုအနားပေး
မှေးလျက်အိပ်ရာဝင်
အိပ်မက်ကိုအလှည့်ပေး
အတွေးပျံ့လွင့်စဉ်
ချောင်းလိုလို မြစ်လိုလို
တစ်ခုသောကမ်းစပ်မှာ
ရောက်လာသည်တွင်
ချစ်သူဟာလည်း
မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်
ထိုစဉ်
လျော်ခတ်သူလည်း တစ်ယောက်မပါ
သူ့အလိုလိုသာပင်
လှေကြီးတစ်စင်း ကမ်းသို့ဆိုက်ကာဝင်
လှေဦးတွင် သဏ္ဍာန်ထူးတစ်ခုမြင်
အစုံသောနှလုံးသား
အချစ်မြားဆူးတဲ့အသွင်
ကြည့်ရင်းကြည့်ရင်း
အဓိပ္ပါယ်ပေါ်လွင် ကမ်းပေါ်က
နှစ်ယောက်သား လှုပ်ရှားအသက်ဝင်
လိုက်တော့မည်ဟန်ပြင်
မောင်တွင်
မေကတော့ ဣန္ဒြေရှင်
အကဲခတ်ရှာထင် မပြီးသေးသော
ပန်းချီကား ခပ်ဝါးဝါးတစ်ချပ်ပင်
ညစဉ်ပင် ညစဉ်ပင်
မျက်စိမှိတ်လည်း
စိတ်ထဲစွဲကာမြင်။ ။
ကဲ
ဘာကိုရည်ညွှန်းတာလည်းဆိုတာ
မသိရဘူး
ပုံသဏ္ဍာန်လည်းမပါဘူး
သို့သော် သူ့မှာ
ကြောင်းကျိုးညီညွှတ်မှုရှိတယ်
နားထောင်လို့ကောင်းတယ်
ကြားရသူစိတ်ထဲမှာ
ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိ
ခံစားရတယ်
အဲဒါ----
အက်စထရက်ပါဘဲဟု
ဆရာရာဟုလာရဲ့ အသံဟာ
နောက်ဆုံးပိုဒ်မှာ
မာန်တွေပါခဲ့ပါသည်။
၂၀၁၁ခုနှစ်ဇူလိုင်(၃၁)ရက်နေ့မှာ
ဆရာဦးရာဟုလာကွယ်လွန်ခဲ့ပါသည်။
ဆရာဦးရာဟုလာ ပြောပြတဲ့
ဂီတနှင့်နှိုင်းပြသည့်
ပန်းချီကားအကြောင်းကို
ပြန်ပြောပြသော
ပန်းချီဦးနေထွန်းကိုလည်း
အထူးကျေးဇူးတင်ပါသည်။
အရှင်ဓမ္မာနန္ဒ(လပွတ္တာ)
။ ပန်းချီဝေမင်းအေး ။
No comments:
Post a Comment