Pages

ပန်းချီနှင့် အပေါင်းအသင်း

 ပန်းချီရေးတယ်ဆိုတာ

လူတိုင်း ကလေးဘဝတုန်းက ရင်းနှီးခဲ့ကြဘူးသူချည်းပါပဲ

အဲဒီ ပန်းချီဆိုတဲ့ စကားလုံးက သိပ်မဆန်းကြယ်လှပါဘူး။


လက်ဆောင်အဖြစ် ပေးကြတဲ့အခါ ပန်းချီပုံပေးကြတဲ့ အလေ့အထက

သိပ်ကိုနည်းကြပါတယ်

ဘာလို့လဲဆိုတော့ ပန်းချီပုံတွေက စျေးကြီးကြလို့ပါပဲ

လက်ဆောင်အဖြစ်ပေးဖို့ ကိုယ်တိုင်မဖန်တီးနိုင်ကြသူတွေအဖို့တော့

အရမ်းခက်ခဲပါတယ်။


ပန်းချီရေးသူကတော့

သူ့မိတ်ဆွေ အပေါင်းအသင်းတွေကို လက်ဆောင်ပေးဖို့

မခက်ခဲပါဘူး အလွယ်တကူရေးပြီး ပေးနိုင်ပါတယ်။


ပန်းချီပုံ တစ်ခု ဖန်တီးရာမှာလည်း

လေးနက်မှု အချိန်ယူမှုတွေရှိလို့ ကြိုတင်ရေးဆွဲမှသာ

ပုံကောင်းတစ်ခုရမှာဖြစ်သလို

လက်ဆောင်ပေးဖို့ ရက်အနည်းငယ်ကတည်းက ပြင်ဆင်ရပါလိမ့်မယ်။


ပန်းချီပုံ လက်ဆောင်ရသူအဖို့

ပြုံးပျော် ပြီး ထာဝရ အမှတ်ရနေပါလိမ့်မယ်။


ဆောင်းတစ်ရာမင်း

၁၂-၇-၂၀၂၁

No comments:

Post a Comment