ပုံရေးပြီးတာနဲ့ Facebook ပေါ် တင်ပြီးသား
Like တွေ အများကြီး ရပြီဆို ပျော်လို့
ဖုန်းငွေဖြည့်လိုက်
အတောမသတ်နိုင်အောင်ရေးလိုက်
ပန်းချီ ပစ္စည်းတွေ ဝယ်လိုက် ကုန်သွားလိုက်
Facebook တင်လိုက် like တွေ သာယာလိုက်
အဲ့တာနဲ့ လုံးလည်လိုက်နေတာ
ဘယ်မှာလဲ အားလပ်ချိန်လေး
ပန်းချီရေးလို့ ကုန်သွားပါပြီ
ဘယ်မှာလဲ အနားယူမှုတွေ
ပန်းချီရေးလိုက်ရတာ အနားယူမှုပါလို့
ဆိုရှာသူလေး
အချိန်တွေ ကုန်ခဲ့တာ နှမျှောရ
ကောင်းမှန်း သိပါရဲ့လား
ဘယ်သိပါ့မလဲ ပန်းချီရေးရတာကို ကျေနပ်နေတာကို
ပန်းချီရေးသူဟာ
အောင်မြင်တဲ့ ပန်းချီဆရာ
တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒ အပြည့်ရှိပါတယ်
အောင်မြင်တဲ့ ပန်းချီဆရာ တစ်ယောက်ဖြစ်ဖို့
အတွက် ဘာတွေ လိုအပ်လဲဆိုတာ
ဘယ်လို အရည်အချင်းတွေကို
ဖြည့်ဆည်းရမယ် ဆိုတာကို
အမြဲမပြတ် လေ့လာနေရမယ်
ပန်းချီရေးသူဟာ အကယ်၍ ပါရမီလဲမပါ
နည်းစနစ်လဲ သေချာမလေ့လာပဲ လေ့ကျင့်နေရ
ကြိုးစားမှုလဲ ရှိရဲ့သားနဲ့ သူသိပ်ဖြစ်နေတဲ့
ပန်းချီဆရာ မဖြစ်နိုင်ဘူးဆိုရင် သူအရမ်းဝမ်းနည်း နေရပါလိမ့်မယ်။
တကယ်လို့သာ ပန်းချီပညာရပ်ကို
ကျွမ်းကျင်စွာဖန်တီးနိုင်မှုရယ် ပန်းချီကားရောင်းရမှုရယ် အဲ့တာတွေ ကိုသာ ကြုံရ ဆုံရမယ်ဆိုရင်
သူအရမ်းပျော်ဖို့ ကောင်းနေမှာပဲ။
ဒါပေမယ့် ရွှေက ရွှေ
ကြေးက ကြေးပါပဲ
ကျွန်တော် လည်း ပန်းချီဆရာ ပန်းချီပညာရှင်
ဖြစ်ဖို့ အရမ်းအလှမ်းကွာနေအုံးမှာပဲ။
ပုံတွေ ရေးလိုက် တင်လိုက်
အချိန်များစွာအကုန်ခံ လေ့ကျင့်လိုက်
အညတရ ပန်းချီရေးသူ တစ်ယောက်ကလည်း
သူ့အတိုင်းအတာနဲ့ သူ ကြိုးစားရေးနေပါတယ်။
ပန်းချီရေးသူ တစ်ယောက်ရဲ့ ဒုက္ခက
သိပ်ကို ကြီးမားပါတယ်။
ဆောင်းတစ်ရာမင်း
၂၅.၇.၂၀၂၁
No comments:
Post a Comment