ကျွမ်းကျင်စွာ တတ်မြောက်ထားသော
အတတ်ပညာ တစ်ခုခုကို အလိုရှိသည်
နေ့ရက်တွေကုန်လွန်နေဆဲ အချိန်တို့သွားနေဆဲ
ကျွန်တော်လဲ ပန်းချီကို ရေးနေဆဲလေ......
တိုသွားတဲ့ ခဲတံ၊ ကုန်သွားတဲ့ စာရွက် တွေ စုပုံလိုက်ရင် ကျွန်တော့် အရပ်ထက် မြင့်နေလိမ့်မယ်
ကျွန်တော့် လျစ်လျှူရှုထားတဲ့ တစ်ချို့အရာတွေကတော့ ကျွန်တော်နဲ့ မဆိုင်တော့ဘူးပေါ့
ငွေကြေး ၊ အချစ်၊ အရေးပါမှုတွေ
ကျွန်တော် ပန်းချီရေးနေခြင်းက ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်းပါ
နာကျင်ဝမ်းနည်းမှုတွေ ပြီးတော့ စိတ်ပင်ပန်းမှုတွေ ဒါတွေကိုမေ့ထားပြီး
ပုံတစ်ပုံ ကို ရေးခြစ်ဖန်တီး ပြီးတော့ တစိမ့်စိမ့်ကြည့် ဝမ်းသာခဲ့ရုံပါ
ကျွန်တော့်အတွက် သီးသန့် နိဗ္ဗာန်လေးပါ။
ဆောင်းတစ်ရာမင်း
၁၁-၇-၂၀၂၁
No comments:
Post a Comment