Pages

ပန်းချီဆွဲတဲ့သူရဲ့ကမ္ဘာဟာ ပန်းချီမဆွဲတဲ့သူရဲ့ ကမ္ဘာထက်ပိုလှတယ်(3)



                ဝင်းဖေမြင့်

  ပိတောက်တွေပွင့်ချိန် ပိတောက်ပန်းတွေဝေနေအောင် တပင်လုံးပွင့်တာ...လူတိုင်းလှမှန်းသိတယ်။ အဲ့ဒီပိတောက်ပွင့်တွေကြွေပီး မြေကြီးပေါ် ပြန့်ကျဲနေတယ်...

ဒါကိုတော့ လူတချို့လှတယ်လို့ ထင်ကောင်းထင်မိလိမ့်မယ်။ပိတောက်ပွင့်တွေကြွေပီး အသီးလေးတွေသီးလာတယ်... အဝိုင်းပြားပြားလေးတွေ... သုံးခုတတွဲ လေးငါးခုတတွဲ အတွဲလိုက်သီးနေကြတာ... သေသေချာချာကြည့်မှမြင်နိုင်တယ်။ သာမန်လူ​တွေ မကြည့်ဘူး မမြင်ဘူး လှမှန်းလည်းမသိဘူး... ပန်းချီရေးတဲ့သူတွေက လှမှန်းသိတယ်။

ကြည့်နေရုံနဲ့အားမရလို့ ခူးပီးပန်းချီဆွဲ​​ကြသေးတယ်။

             ပျဉ်းမပန်းတွေပွင့်ရင်လည်း လှမှန်း လူတိုင်းသိတယ်။ လူတိုင်း ပျဉ်းမပန်းတွေလှတာသိတယ်။ ဒါပေမယ့်

ပျဉ်းမပွင့်တွေကြွေပီး ပျဉ်းမသီးလေးတွေသီးလာတော့ ပန်းချီဆရာကလွှဲလို့ ဘယ်သူမှ သတိမထားမိကြဘူး။

လှမှန်းလည်းမသိကြဘူး။ လှတယ်လို့လည်းထင်မှာမဟုတ်ဘူး။ပန်းချီဆရာတွေအဖို့ ပျဉ်းမသီးလေးတွေဟာ အင်မတန်ကိုလှနေတယ်။ ကောင်းကင်ပြာကြီးနောက်ခံနဲ့ဆန်းကျယ်စွာလှနေကြတာ...ပန်းချီမဆွဲတဲ့သူတွေ ဘယ်သိမှာလဲ။ 

             ပန်းချီဆွဲတဲ့သူတွေအဖို့ ပန်းတောက်သီး ပျဉ်းမသီးလေးတွေတောင်လှနေတယ်ဆိုတာ သိထားလိုက်ကြပါ

          အခါအခွင့်သင့်လို့ တောထဲတောင်ထဲက ချောင်းလေးတွေနားရောက်ရင် ချောင်းစပ်မှာကျောက်တုံးကျောက်ခဲလေးတွေ တွေ့ရတတ်တယ်။ ကျောက်စရစ်ခဲလေးတွေက လှတယ်။ကျောက်စရစ်ခဲလှလှလေးတွေကို လိုက်ကောက်ကြတယ်... အလှကြည့်ကြတယ်...လူတိုင်းလှမှန်းသိတယ်...ဒါပေမယ့် ကြည့်ပီးရင် ပစ်ချထားခဲ့တာပဲ။ ​ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ပန်းချီဆရာ ဆရာမတွေကတော့ အိမ်အထိယူလာတယ်။အိမ်ကတနေရာရာမှာ အဲ့ဒီကျောက်စရစ်ခဲလေးတွေကို ပစ်ချထားမယ်...လှလွန်းလို့...အခါအားလျော်စွာ ကောက်ကြည့်မယ်...တချို့လည်း သူ့ရဲ့စားပွဲပေါ်မှာတင်ထားမယ်...ကျောက်ခဲလေးတွေကို အမြဲအလှကြည့်နေတတ်တယ်...စိတ်ကူးရရင် အဲ့ဒီကျောက်စရစ်ခဲလှလှလေးတွေကို ပန်းချီကားထဲမှာ ထည့်ဆွဲတတ်ကြတယ်။ သာမန်လူတွေက ကျောက်စရစ်ခဲလေးတွေရဲ့အလှကို ခဏသာ ကြည့်ရှုခံစားတတ်ကြပေမယ့်ပန်းချီဆွဲတဲ့သူတွေကတော့ အချိန်အကြာကြီး ကြည့်ရှုခံစားနေတတ်ကြတယ်။ သူတို့က မျက်မြင်လောကထဲက အလှအပတွေကို အမြဲရှာကြည့်ပြီး visual pleasureကို ရယူနေကြတာ...သူတို့ရဲ့အချိန်တော်တော်များများဟာ အလှအပတွေကို ရှာဖွေကြည့်ရှုယင်း ကြည်နူးနေကြတာ။

                         ဒီတော့ ပန်းချီဆွဲတဲ့သူတွေရဲ့ ကမ္ဘာကြီးဟာ သာမန်လူတွေရဲ့ကမ္ဘာထက် ပိုပြီးလှနေတာပေါ့။

အဲ့ဒါကို လက်ခံလိုက်ပါ။

                               ဝင်းဖေမြင့် ၂၀၂၁


ဆရာဝင်းဖေမြင့်

ပန်းချီ


 #ပန်းချီဘယ်လိုစဆွဲမလဲ?


   အခု post က #Beginner သမားတွေ

   #ပန်းချီကိုဝါသနာပါတဲ့ သူတွေ

   #ပန်းချီစဆွဲဖို့အခက်တွေ့နေတဲ့သူများအတွက် 

   ရည်ရွယ်ပါတယ်💚🖤💚🖤


ပုံဆွဲရတာက လွယ်တယ်လို့ထင်ကြတယ်

တကယ်တော့လည်း လွယ်ပါတယ်(ပန်းချီအကြောင်းသိသွားတဲ့အခါမှာပေါ့။)


ဘယ်အရာက ပန်းချီစဆွဲဖို့ ခက်ခဲစေတာလဲ?

၁။ အတွေး (idea)-အမြဲတမ်းတွေးနေတဲ့သူ

     စိတ်ကူးယဉ် သမားတွေကတော့ 

     ဒီအချက်လေးကို အေးဆေးလေးကျော်ဖြတ်

     နိုင်ကြပါတယ်။အဲ့ဒါဆိုမတွေးတက်တဲ့သူတွေ             

     အတွက်ကတော့ အရင်ဆုံးကကိုယ့်အကြိုက်ဆုံး

     အရာ ကိုစဥ်းစားပါ။ဥပမာ-တိရစ္ဆာန်၊အပင်၊          

     ပန်း၊ပင်လယ် စတဲ့ အစိတ်အပိုင်း

     တစ်ခုချင်းဆီကို သေချာလေးစဥ်းပါ။


၂။ စဥ်းစားလို့ရပြီဆိုရင် စိတ်ကူးထဲမှာ

     အရင်ပုံဖော်ပါ။(ဘယ်လိုအရောင်သုံးမယ်၊

     ဖွဲစည်းမှုအထာအသို၊ အရွယ်အစား၊ပါဝင်မယ့်

     ဇာတ်ကောင် အရည်အတွက် စတာတွေကို  

    အတွေးထဲမှာပန်းချီကားတစ်ချပ်

    ဖန်းတီးလို့ရပါပြီ။)


၃။ စိတ်ကူးထဲက အတိုင်းကို canvas size အသေး

     (သို့)Drawing Book ထဲမှာချဆွဲပါ။

     ဆွဲတက်သလို ဆွဲပါ။(#ရိုးသားမူပါပါစေ)

     ပုံကြမ်းပြီးသွားတဲ့အခါ ခဏအနားယူပါ။

     စိတ်အပန်းပြေပြီဆိုတဲ့အခါ ကိုယ့်ပုံကြမ်းကို

     အနီးအဝေး ထားပြီး ဝေဖန်ပါ။ 


၄။ သင့်စိတ်ကြိုက်ဖြစ်ပြီဆိုတဲ့အချိန်ရောက်ရင်

     တကယ့် ပန်းချီကားစစ်စစ်ကို စဆွဲလို့ရပါပြီ။

     ပုံစဆွဲတဲ့အခါ စိတ်ကြည်နေရမယ်၊

    Confidence ရှိဖို့လိုပါတယ်။ 


၅။ ဆွဲနေစဥ် အတွင်း စိတ်မွန်းကြပ်လာတဲ့အခါ

     မျိုးဆိုရင် ခဏပြန်အနားယူပေးပါ။

     အရေးကြီးတာက ပုံကြမ်းအတိုင်း 

     ထွက်လာရမယ်ဆိုတဲ့စိတ်မျိုးနဲ့တော့ 

     မဆွဲမိဖို့လိုပါတယ်။ ဘာလို့ဆို ပုံကြမ်းဆွဲတဲ့          

     အချိန်တုန်းကနဲ့ အခုပန်းချီကားဆွဲတဲ့အချိန်        

     ခံစားချက်က မတူတော့သလို ရာသီဥတု              

     အခြေအနေတွေကလည်းမတူတော့ပါဘူး။ 


၆။ ဒါကြောင့် ကိုယ့်ကိုစိတ်ဒုက္ခမပေးမိစေနဲ့ပေါ့။       

     အတင်းအကျပ် ခိုင်းစေတာမျိုး မပါတဲ့ 

     လက်ရာမျိုးက အနုပညာလက်ရာမြောက်ဖို့ 

     ပိုပြီးထိရောက်စေပါတယ်။ 


၇။ လူတွေပြောပြောနေတဲ့ စျာန်ဝင်တယ် ဆိုတဲ့ 

     ခံစားချက်တွေက ဘယ်အချိန်မှာ ဖြစ်ပေါ်လာ       

     သလဲဆိုရင် ...... သင့်စိတ်နဲ့ သင့်အနုပညာ၊

     သင့်ပန်းချီ လက်ရာတွေ တစ်ထပ်တည်းကျ

     သွားတဲ့အချိန်မျိုးမှာ စျာန်ဝင်သွားတာပါ။


၈။ ပန်းချီဆွဲခြင်းသည် အသက်အရွယ် 

     ကျားမ မရွေး တို့အတွက် စိတ်ကျေနပ်မှု၊              

     အေးချမ်းမှုတွေ ပေးစွမ်းနိုင်ပါတယ်ရှင့်။ 


အခုပြောပြတဲ့ အချက်လေးတွေအတိုင်း

လိုက်လုပ်ကြည့်နော် ပန်းချီကားတစ်ချပ်ရရှိ

ဖို့လွယ်ကူစေမှာပါ။ 


ကဲ ပန်းချီဘယ်လိုစဆွဲရမလဲဆိုတဲ့ 

ပုံပြင်လေးကတော့ဒါပါပဲရှင်။ 💚🖤💚🖤


ပုံပြင်လေးထဲကအတိုင်း လက်တွေ့

ဖန်တီးချင်တယ်ဆိုရင်တော့

#Onlineပန်းချီသင်တန်းလေးမှာသင်ယူနိုင်ပါပြီရှင့်


ပန်းချီသင်တန်း post 👇👇

https://www.facebook.com/111776104466271/posts/117245663919315/


#ဝါသနာရှင်များအတွက်ပန်းချီသင်တန်း👇

https://www.facebook.com/111776104466271/posts/124872766489938/


Telegram Channel 👇

t.me/HeavenArtSchoolandTraining 


#Admin_ငွေတိမ်လွှာ@Floral

ပန်းချီရေးနည်း လင့်စုစည်းမှု

https://m.facebook.com/story.php?story_fbid=3013013959021593&id=100009390543201 

ပန်းချီရေးသူ တစ်ယောက်ရဲ့ ဒုက္ခများ

 


ပုံရေးပြီးတာနဲ့ Facebook ပေါ် တင်ပြီးသား
Like တွေ အများကြီး ရပြီဆို  ပျော်လို့

ဖုန်းငွေဖြည့်လိုက်
အတောမသတ်နိုင်အောင်ရေးလိုက်
ပန်းချီ ပစ္စည်းတွေ ‌ဝယ်လိုက် ကုန်သွားလိုက်
Facebook တင်လိုက် like တွေ သာယာလိုက်
အဲ့တာနဲ့ လုံးလည်လိုက်နေတာ

ဘယ်မှာလဲ အားလပ်ချိန်လေး
ပန်းချီရေးလို့ ကုန်သွားပါပြီ

ဘယ်မှာလဲ အနားယူမှုတွေ
ပန်းချီရေးလိုက်ရတာ အနားယူမှုပါလို့
ဆိုရှာသူလေး

အချိန်တွေ ကုန်ခဲ့တာ နှမျှောရ
ကောင်းမှန်း သိပါရဲ့လား
ဘယ်သိပါ့မလဲ ပန်းချီရေးရတာကို ကျေနပ်နေတာကို

ပန်းချီရေးသူဟာ
အောင်မြင်တဲ့ ပန်းချီဆရာ
တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒ အပြည့်ရှိပါတယ်

‌အောင်မြင်တဲ့ ပန်းချီဆရာ တစ်ယောက်ဖြစ်ဖို့
အတွက် ဘာတွေ လိုအပ်လဲဆိုတာ
ဘယ်လို အရည်အချင်းတွေကို
ဖြည့်ဆည်းရမယ် ဆိုတာကို
အမြဲမပြတ် လေ့လာနေရမယ်

ပန်းချီရေးသူဟာ အကယ်၍ ပါရမီလဲမပါ
နည်းစနစ်လဲ သေချာမလေ့လာပဲ လေ့ကျင့်နေရ
ကြိုးစားမှုလဲ ရှိရဲ့သားနဲ့ သူသိပ်ဖြစ်နေတဲ့
ပန်းချီဆရာ မဖြစ်နိုင်ဘူးဆိုရင် သူအရမ်းဝမ်းနည်း‌‌ နေရပါလိမ့်မယ်။

တကယ်လို့သာ ပန်းချီပညာရပ်ကို
ကျွမ်းကျင်စွာဖန်တီးနိုင်မှုရယ် ပန်းချီကားရောင်းရမှုရယ် အဲ့တာတွေ ကိုသာ ကြုံရ ဆုံရမယ်ဆိုရင်
သူအရမ်းပျော်ဖို့ ကောင်းနေမှာပဲ။

ဒါပေမယ့် ရွှေက ရွှေ
ကြေးက ကြေးပါပဲ
ကျွန်တော် လည်း ပန်းချီဆရာ ပန်းချီပညာရှင်
ဖြစ်ဖို့ အရမ်းအလှမ်းကွာနေအုံးမှာပဲ။

ပုံတွေ ရေးလိုက် တင်လိုက်
အချိန်များစွာအကုန်ခံ လေ့ကျင့်လိုက်
အညတရ ပန်းချီရေးသူ တစ်ယောက်ကလည်း
သူ့အတိုင်းအတာနဲ့ သူ ကြိုးစားရေးနေပါတယ်။

ပန်းချီရေးသူ တစ်ယောက်ရဲ့ ဒုက္ခက
သိပ်ကို ကြီးမားပါတယ်။

ဆောင်းတစ်ရာမင်း
၂၅.၇.၂၀၂၁

သန်းထိုက်စိုး

 

ပန်းချီကို စပီးလေ့ကျင့်နေတဲ့ ညီလေး ညီမလေး တွေ ကို အလေ့ အကျင့်ကောင်းလေး တစ်ခု ပြောပြမယ် ဘာလေး ပဲရေးကျင့် သည် ဖြစ်ပါစေ မကောင်း လို့ ဆုပ်ဖျဲ ပြစ်တာ လုံးခြေ ထိုး ထား လိုက်တာ မျိုး တွေ မလုပ်မိပါစေနဲ့ ကောင်း သည် ဖြစ်စေ ပျက် သွား သည်ဖြစ်လေ ပုံရဲ့နောက်ကျောမှာ ကောင်း ရင် လည်း ဘာကြောင့် ကောင်း ရတယ် ပျက် ရင် လည်း ဘာအမှား လုပ်မိ လို့ ပျက်ရတယ် date တတ် ပီး မှတ်တန်းလေး ရေး ပီး သေချာ သိမ်း ထား ပါ ကိုယ့် က ကိုယ့် ကား ကို အဆိုး အကောင်း ဝေဖန် ဖို့ မလုံလောက်ရင် နား လည် တတ်ကျွမ်း သူ ရဲ့ ဝေဖန်မှု့ ခံယူ ပါ (ဝေဖန်တာ မကြောက်ပါနဲ့) မကောင်း လည်း သိမ်း ပါ နှစ်ကြာလာ တဲ့ အခါ ကိုယ် လေ့ ကျင့် ခဲ့တဲ့ ကားလေး တွေက ကိုယ့်ကို ပညာ တွေ အများ ကြီး ပြန်ပေး ပါ လိမ့် မယ် ကိုယ်က ချစ်မှ သူက လည်း ချစ်မှာ ပါ။


သန်းထိုက်စိုး

#သင်ကဘယ်ပန်းချီအမျိုးအစားကိုကြိုက်သလဲဆိုတာသင်ကိုယ်တိုင်သိအောင်ဘယ်လိုလုပ်မလဲ?

 Hello!  all of reader & Artist💚


ဒီတစ်ခေါက်အလှည့်ကြတဲ့ 

အကြောင်းအရာက





ပြောရမယ်ဆို သင့်ကိုယ်သင် ပြန်မေးရမယ့်

မေးခွန်းတစ်ခုပါ။ မေးတဲ့အခါတိုင်းလည်း

အဖြေမပေါ်ကြတာတွေ အများအပြား

ရှိတက်ကြတာမလို့Floral ကနည်းနည်းလေး 

ဖြည့်စွက်ပြောပြပေးမယ်နော်~~~~


ပန်းချီပညာ က လေ့လာသလောက်မကုန်တဲ့

ပင်လယ်ရေလို ကျယ်ပြန့်တာ လူတိုင်းသိကြ

ပါတယ်။သို့သော် အားလုံးကို လေ့လာမယ်ဆို 

တစ်ဘဝစာအချိန်မလောက်ဘူးပေါ့


ဒါကြောင့် သင်က ပန်းချီပညာကို

သေချာလေ့လာမယ်၊သင်ယူမယ်လို့ 

ဆုံးဖြတ်ချက်ခိုင်မာ ပြီဆိုရင်တော့...


အခုပြောပြတဲ့အချက်လေးတွေကို

မှတ်သားထားပြီး လိုက်လုပ်ကြည့်နော်


၁။ ပထမဆုံးအနေနဲ့က ထုံးစံအတိုင်း

     ပန်းချီ အခြေခံကို ထုံးလိုမွှေရေလိုနှောက်

     စာတွေ့လက်တွေ့ ပိုင်နိုင်စွာ 

     သိရှိထားဖို့လိုအပ်ပါ တယ်။


၂။ စစခြင်း ပန်းချီအနုပညာကိုဖန်တီးတဲ့အခါ

     မှားယွင်းသွားမှာဆိုးတဲ့စိတ်ကို 

     အရင်ဖျောက်ဖို့ကြိုးစားပါ။ 

     (အမှားရှိမှ အမှန်ဆိုတာ ရှိလာတာ)


၃။ International Art Form & 

     Contemporary Art များကို 

     ပိုပြီးလေ့လာပေးပါ။


၄။ ကိုယ်ကြိုက်နှစ်သက်တဲ့ Art Style ကိုတွေ့ရှိဖို့ 

     ဆိုတာ ပုံမှန်အားဖြင့် ၂နှစ်ကျော်လောက် 

     အချိန် ပေးရပါတယ်။ ပန်းချီဆိုတာ                        

     တဖြည်းဖြည်းချင်း အမှန်တရားကို 

     သိရှိလာမယ်၊ လက်ခံလာတဲ့ သဘောတရားပါ။


၅။ ပန်းချီရေးဆွဲတဲ့အခါတိုင်း ကိုယ်ပိုင်ဟန်နဲ့ဆွဲပါ

     ကိုယ်ပိုင်ဟန်ဆိုတာ- ကိုယ့် Style နဲ့ 

     ကိုယ်ရေးဆွဲခြင်းကို ပြောတာပါ။

    (အလွယ်မှတ်မိအောင် ရေးထားတာ                  

     တကယ် ပြောရမယ်ဆို မိုးလင်းနိုင်ပါတယ်)


၆။ ကိုယ်သဘောကျတဲ့ Artist ကိုရှာဖွေပါ

     သူရေးပြတဲ့ သဘောတရားကို နားလည်အောင်

     လေ့လာပါ။ (don't copy/just inspiration)


၇။ မြန်မာနိုင်ငံ မှာကိုယ်တကယ်လေးစားအားကျ

     ရတဲ့ ပန်းချီပညာရှင်နဲ့ ပန်းချီအကြောင်း  

     ဆွေးနွေးပါ။(not gossip to other Artist)


၈။ ပန်းချီကားတွေကို techniques ပေါင်းစုံ၊ 

     Medium များစွာနဲ့ ဆွဲကြည့်ပါ။(အခုလို ဆွဲလို့

     ဘယ်သူမှ တရားမစွဲပါဘူး) 


၉။ ဒီတစ်ခုက တော့ သင့်ကိုယ်ပိုင် Art Style ကို

     များစွာ အကျိုးသက်ရောက်စေမယ့် နည်းပါ

     လွယ်လွယ်လေးပါ( I Don't Care ဆိုတဲ့               

     စာသား)ကို အမြဲတမ်းသတိရပါ။


၁၀။Artist ဆိုတာ ဝေဖန်ခံရဖို့အတွက် 

     မွေးဖွားလာတာမဟုတ်ပါဘူး။ လောကကို   

     အနုပညာ အမြင်၊အနုပညာရသတွေနဲ့ 

     အလှဆုံးဖန်တီးဖို့အတွက် မွေးဖွားလာတာပါ။


ကဲ အခု၁၀ချက်က သင်နဲ့ကိုက်ညီမယ်ဆိုရင်

သင်လိုချင်တဲ့အဖြေကိုရရှိမှာအသေအချာပါပဲရှင်။


#လူကြီးOnlineပန်းချီသင်တန်း

#ဝါသနာရှင်များ #ဆရာမများ #လုပ်ငန်းမှာအသုံးချလိုသူများအတွက်😍💜😍💜👇👇👇

အသေးစိတ်ကို linkနှိပ်ပြီးဖတ်ရှုပေးပါ။ 

https://www.facebook.com/111776104466271/posts/124872766489938/


#Admin_ငွေတိမ်လွှာ@Floral

(From National University Of Art & Culture) 


Heaven Art School & Training 

Telegram Channel Link👇💚

t.me/HeavenArtSchoolandTraining

ဆရာဦးရာဟုလာပြောပြသည့် ပန်းချီအကြောင်း




 း

********************************

ပန်းချီကားတွေက အမျိုးမျိုးဘဲ

ဘယ်ဟာက ပန်းချီကားအစစ်လည်းတဲ့

သူတို့သိချင်တာကို

ရိုးရှင်းစွာမေးတတ်သည့်

လူငယ်တွေအတွက် 

အလွန်ဝမ်းသာမိပါသည်

မသိတာကိုသိချင်ယောင်ဆောင်သူများ

အဖို့အတွက်တော့ ဘယ်သော်အခါမှ

မသိရတော့ပါဘူး

အကုန်လုံးဟာ ပန်းချီတွေပါဘဲ

ဖန်တီးသူရဲ့ ကွဲပြားမှုကြောင့်

နာမည်ပညတ်တွေတော့ရှိပါသည်

ဘာသာရေးရှုဒေါင့်ကနေ

ဥပမာပြောရရင်

မြန်မာနိုင်ငံမှာ ကိုးကွယ်နေသော

သံဃာရတနာသည်

အမည်ပညတ်ဂိုဏ်းကြီးကိုးဂိုဏ်း

ကွဲသွားခဲ့ပါသည်

ထင်ရှားသည့်ဂိုဏ်းတွေက

သုဓမ္မာဂိုဏ်း

ရွှေကျင်ဂိုဏ်း

ဒွါရဂိုဏ်းတို့ဖြစ်ကြပါသည်

၎င်းကွဲပြားနေသော

သံဃာ့ဂိုဏ်းတွေကို ဘယ်ဟာသည်

သံဃာအစစ်လည်းလို့

မမေးကောင်းပါဘူး အားလုံးသည်

သံဃာတော်များဖြစ်ကြပါသည်

မိမိကြိုက်နှစ်သက်ရာဂိုဏ်းကို

မိမိစိတ်တိုင်းကျရွေးပြီး

ကိုးကွယ်နိုင်ပါသည်

ကိုယ့်ကိုးကွယ်သည့်ဂိုဏ်းကမှ

သံဃာအစစ်ဆိုရင်

သည်ဗုဒ္ဓဘာသာဝင်သည်

သူကိုးကွယ်နေသော

သံဃာတော်တွေရဲ့ အဆုံးအမကို

အပြည့်အဝမရသေးသူဟု

ယူစရပါလိမ့်မည်။


သည်လိုပါပဲ

ပန်းချီမှာလည်း

အမျိုးအမည်တွေ အများကြီးရှိပါသည်

မိမိကြိုက်နှစ်သက်ရာကို

မိမိစိတ်တိုင်းကျရွေးပြီး

ခံစားခွင့်ရှိပါသည်

လူပုံတူမှပန်းချီ

ရှုခင်းမှပန်းချီ

ဆေးတွေအများကြီးချယ်မှပန်းချီဟု

ဝိဝါဒမကွဲပြားသင့်ပါဘူး

ပန်းချီအမျိုးပေါင်းများစွာထဲက

သုံးမျိုးလောက်ကို ပြောပြချင်ပါသည်


ရီရယ်လစ်ဇင်(realism)

ယထာဘူတ သရုပ်မှန်ဝါဒ

အရှိကို အရှိတိုင်းလှပအောင်

ရေးထားသည့်ပန်းချီ


အင်ပရက်ရှင်(impressionism)

အသေးစိတ်မချယ်မှုန်းဘဲ

ယေဘူယျပုံပေါ်အောင်သာ

ရေးသောဝါဒ 

မိမိမြင်သလိုခံစား၍ မူလပုံလည်းမပျက်

မိမိစိတ်ခံစားမှုလည်းပါဝင်သော

ရေးဆွဲနည်းပန်းချီ


အက်စထရက်(Abstraet)

ဘာကိုမှရည်ညွှန်းချက်မရှိ

ပုံသဏ္ဍာန်မရှိ

အကျိုးအကြောင်းညီညွှတ်မှုရှိ

ကြည့်သူ၏ စိတ်နှလုံးကို

သိမ်းယူထားမှုရှိသော 

အဆီအနှစ်ဟုဆိုသောပန်းချီ


သည်ပန်းချီသုံးမျိုးတွင်

နောက်ဆုံးအက်စထရက်ပန်းချီ

အကြောင်းကို ပြောပြချင်ပါသည်

သည်ပန်းချီကို သေသည်အထိ

ရေးဆွဲသွားသော

မင်းကွန်းဒေသက

ပန်းချီဆရာကြီးရာဟုလာရဲ့

သူ့အမြင် သူ့ခံယူချက်တွေကို

လူငယ်တွေအတွက် ပြန်လည်မျှဝေ

ပေးခြင်းဖြစ်ပါသည်။


လွန်ခဲ့သောရက်ပိုင်းက

မင်းကွန်းဒေသကို ရောက်ခဲ့ပါသည်

မင်းကွန်းမှာ ရန်ကုန်မြို့မှ

လာရောက်အနားယူပန်းချီရေးနေသည့်

ဆရာဦးနေထွန်းနှင့်တွေ့ဆုံခဲ့ရပါသည်

ဆရာဦးနေထွန်းဟာ 

ရန်ကုန်ဇာတိဆိုပေမဲ့

မင်းကွန်းဒေသနှင့်မစိမ်းပါဘူး

ဆရာဦးရာဟုလာနှင့်လည်း

အင်မတန်ရင်းနှီးချစ်ခင်မှုရှိခဲ့ပါသည်

ဆရာဦးရာဟုလာ မကွယ်လွန်ခင်

(၁)နှစ်အလို ၂၀၁၀ ခု 

ရန်ကုန်မြို့မိုးခပန်းချီပြခန်းမှာ

ပန်းချီရာဟုလာ

တစ်ကိုယ်တော်ပြပွဲ ပြဖြစ်တော့

အက်စထရက်ပန်းချီနှင့်ပတ်သက်လို့

မေးကြပါသည် ဆရာရာဟုလာက

အက်စထရက်ကို 

မြန်မာနည်း မြန်မာ့ဟန်ဖြင့်

အလွယ်ဆုံးလူနားလည်အောင်

ပြောပြခဲ့သည်ကို ဆရာဦးနေထွန်းက

ပြန်လည်ပြောပြပါသည်။


ဆရာဦးရာဟုလာပြောပြချက်

@@#####$&-++&+((+())())


အက်စထရက်ဆိုတာ

ဂီတလိုမျိုးဘဲ စိတ်နှလုံးကို

ကိုင်လှုပ်နိုင်စွမ်းရှိပါတယ်

မြန်မာဂီတပညာရှင်ကြီး

ဆရာမြို့မငြိမ်းဟာ

ဂီတဖြင့် ပန်းချီနှစ်ကားရေးပြသွားတယ်

ပထမကားသည် တိမ်လွှာမို့မို့လွင်

ဒုတိယကားကတော့

မပြီးသေးသောပန်းချီကားတို့ဖြစ်တယ်

တိမ်လွှာမို့မို့လွင်ဟာ

အင်ပရက်ရှင်ဘဲ

သူ့အမြင်ကို သူ့ခံစားမှုအတွေးဖြင့်

ရေးဖွဲ့ပြခြင်းဖြစ်တယ်

ဒီသီချင်းဟာ ဆရာမြို့မငြိမ်း

မကွယ်လွန်ခင် ရက်ပိုင်းအတွင်းက

နောက်ဆုံးရေးသွားသောသီချင်းပါ

ဒုတိယပုဒ်ဖြစ်တဲ့

မပြီးသေးသောပန်းချီကားသီချင်းဟာ

အခုပြောချင်တဲ့

အက်စထရက်ပန်းချီအကြောင်းပါဘဲ

ခင်ဗျားတို့

ဒီသီချင်းကို သေချာနားထောင်ကြည့်ပါ


မပြီးသေးသော ပန်းချီကား

-----------------------------------

မျက်စိကိုအနားပေး 

မှေးလျက်အိပ်ရာဝင်

အိပ်မက်ကိုအလှည့်ပေး

အတွေးပျံ့လွင့်စဉ်

ချောင်းလိုလို မြစ်လိုလို

တစ်ခုသောကမ်းစပ်မှာ

ရောက်လာသည်တွင်

ချစ်သူဟာလည်း

မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်

ထိုစဉ်

လျော်ခတ်သူလည်း တစ်ယောက်မပါ

သူ့အလိုလိုသာပင်

လှေကြီးတစ်စင်း ကမ်းသို့ဆိုက်ကာဝင်

လှေဦးတွင် သဏ္ဍာန်ထူးတစ်ခုမြင်

အစုံသောနှလုံးသား

အချစ်မြားဆူးတဲ့အသွင်

ကြည့်ရင်းကြည့်ရင်း

အဓိပ္ပါယ်ပေါ်လွင် ကမ်းပေါ်က

နှစ်ယောက်သား လှုပ်ရှားအသက်ဝင်

လိုက်တော့မည်ဟန်ပြင်

မောင်တွင်

မေကတော့ ဣ‌‌‌‌‌‌န္ဒြေရှင်

အကဲခတ်ရှာထင် မပြီးသေးသော

ပန်းချီကား ခပ်ဝါးဝါးတစ်ချပ်ပင်

ညစဉ်ပင် ညစဉ်ပင်

မျက်စိမှိတ်လည်း

စိတ်ထဲစွဲကာမြင်။     ။


ကဲ 

ဘာကိုရည်ညွှန်းတာလည်းဆိုတာ

မသိရဘူး

ပုံသဏ္ဍာန်လည်းမပါဘူး

သို့သော် သူ့မှာ

ကြောင်းကျိုးညီညွှတ်မှုရှိတယ်

နားထောင်လို့ကောင်းတယ်

ကြားရသူစိတ်ထဲမှာ

ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိ

ခံစားရတယ် 

အဲဒါ----

အက်စထရက်ပါဘဲဟု

ဆရာရာဟုလာရဲ့ အသံဟာ

နောက်ဆုံးပိုဒ်မှာ

မာန်တွေပါခဲ့ပါသည်။

၂၀၁၁ခုနှစ်ဇူလိုင်(၃၁)ရက်နေ့မှာ

ဆရာဦးရာဟုလာကွယ်လွန်ခဲ့ပါသည်။


ဆရာဦးရာဟုလာ ပြောပြတဲ့

ဂီတနှင့်နှိုင်းပြသည့် 

ပန်းချီကားအကြောင်းကို

ပြန်ပြောပြသော 

ပန်းချီဦးနေထွန်းကိုလည်း

အထူးကျေးဇူးတင်ပါသည်။


   အရှင်ဓမ္မာနန္ဒ(လပွတ္တာ)

   ။ ပန်းချီဝေမင်းအေး ။

သန်းထိုက်စိုး

 ပြည်ပနိုင်ငံသား များ ။  ။ချစ်ခင်ရသော မိတ်ဆွေများ အထက်လူကြီး များ  ကို လက်ဆောင်ပေးသော်  အများ စုက ပန်းချီကားပေး ကြတယ်။ ပန်းချီကား ဆိုတာ နှစ်ပေါင်း ရာ ချီခံတယ်လေ မပြောက်ပျက်နှိုင်လို့   မိမိလက်ဆောင်ကိုမြင်တိုင်းမိမိမိတ်ဆွေက မိမိ ကိုအမှတ်ရ နေအောင်လို့  လက်ဆောင်ပေးခံရသူက လည်း ပန်းချီကား ဆို မြတ်နိုး ကြတယ်  ၊ ကြား ဖူးတာလေး တစ်ခုပေါ့

သူတို့နိုင်ငံတွေမှာ အိမ်တစ်အိမ်ကိုရောက် ရင် အိမ်ရဲ့ စည်း ကမ်း ကိုသိ ဖို့  ဖိနပ်ချွတ်ကို အရင်ကြည့်ပါတယ်တဲ့   အိမ် ရှင် ရဲ့ စိတ်ထား  စရိုက် နဲ့ ယဥ်ကျေး မှု့ကိုသိဖ်ို့ ဧည့် ခန်း ထဲမှာ ပန်းချီကား ရှိမရှိနဲ့ ဘယ်လိုပန်းချီကား မျိုး တွေ ချိတ် ဆွဲထား တယ်ဆို တာ ကြည့်ပါတယ် တဲ့  ၊အိမ်ရဲ့သန့်ရှင်း မှု့ကို သိဖို့  အိမ်သာကိုကြည့် ပါသတဲ့။


မြန်မာနိုင်ငံသား များ။  ။ အကြီး အကဲတွေ  ချစ်ရတဲ့မိတ်ဆွေတွေအတွက် လက်ဆောင်ဟာ နိုင်ငံခြား ဖြစ် အရက်ပု လင်း ကများ ပါတယ် အရက်ပု လင်း ကုန်တာ နဲ့ လက်ဆောင်ပေး ခံရသူဟာလည်း လက်ဆောင်ပေး သူကိုမေ့မေ့ပြောက်ပြောက်ဖြစ်ပါပီ  ကဲ  ဘယ်လောက်ကွာသလည်း  နိုင်ငံခြား အရက်တစ်လုံး ကို ၃ သောင်းလောက်က စလိုက်တာ သိန်း ဆယ်ဂဏန်း ထိ ရှိပါတယ်  ပန်းချီကား ဟာလည်း ၃သောင်းလောက်ကစရင် သိန်း ဆယ်ဂဏန်း ပါပဲ ကဲ လက်ဆောင်ပေးသူ ရော လက်ဆောင်ရ သူရော ဘယ်ဟာ သင့်တော်ပါသလည်း  ၊တကယ်တော့ မြန်မာပြည်မှာ ပန်း ချီဆရာဖြစ်ရ တာမတန်ပါ  အဲလိုဆို မင်း ဘာလို့ပန်းချီရေး နေလည်းမေး ရင် ပန်းချီကို ချစ် လွန်း လို့ လို့ သာပြောရမယ်ထင်ပါတယ်  ပြောရရင် ကိုပေါင်ကိုလှန်ထောင်း သလိုပါ မြန် မာ လူမျိုး တွေ ဟာ အနုပညာ ခံစားမှု့  အလွန် အား နည်း ပါတယ် ညံ့ပါတယ် ပန်းချီဆို ပို ဆိုး ပါတယ် ဒါ လည်းအပြစ်မဟုတ်ပါ ခေတ်အဆက်ဆက်  ဂျင်း ပညာ ရေး ကြောင့် ဖြစ်ရတာပါ  ၊  ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့  အချိန် အများ ကြီးပေး ရပါတယ်  ဒုက္ခတွေ အများ ကြီး ရင်း ရပါတယ်  ဒါတောင်ဖြစ်ချင်မှဖြစ်တာပါ  ပန်းချီဆရာ ဆီ က ပန်း ချီကား လက်ဆောင်ရ ရင် တန်ဖိုး ထား ကြပါ ၊ မြန်မာ့ ပန်းချီစျေး ကွက်ဟာ ယနေ့ ချိန် ထိ  တိုးရစ် တွေကို မှီခို နေရ ပါတယ် ဒါတကယ်တမ်းမ​ဖြစ်သင့်ပါ မိတ်ဆွေ တို့ အနေနဲ့ နောက်များ မှာ လက်ဆောင်ပေး မယ် ဆို လျှင် ပန်းချီ ကား လက်ဆောင်ပေးခြင်းဖြင့် ပန်းချီဆရာ တွေ ကို ကူညီပါ မိမိ နိုင်ငံ ရဲ့ အနုပညာ ကို ချီးမြှောက်ရာ လည်း ရောက်ပါတယ်  ပန်းချီဆရာ တွေ  မသေ ခင်  ကူ ညီရိုင်း ပင်းကြ ပါ

သေမှ ပန်း ချီကား သွား မဝယ်ပါ နဲ့  ၊နောက်ပီး လက်ရာ ကို ဝယ်ပါ  လက်မှတ်ကို ချည်းမဝယ်ပါနဲ့

ကျွန်တော်တို့ နိုင်ငံရဲ့  ပန်းချီလော ကအခြေအနေဟာ လွန် ခဲ့တဲ့ နှစ် ၁၅၀ လောက်က ဥ​ရောပနဲ့တူနေပါတယ်  ဗင်ဂိုး တို့ ဂေါ်ဂင် တို့ ခေတ် ၊ နောက်ပိုင်း  မိုးနေး တို ရိန်နွာ  တို့ ခေတ် လို ဖြစ်နေပါတယ်  ဒါဆို ဘယ်လောက်ခေတ်နောက်ကျနေလည်း တွေး ကြည့်ပါ (ပြော လို တာ ပန်းချီဆရာ တွေ ဖန်တည်း မှု့ အပိုင်း မဟုတ်ပါ)  ပန်းချီခံစား သူနဲ့ စုဆောင်း သူတို့ အပိုင်း ကို​ပြောတာပါ။


အား လုံး ချမ်းမြေ့ ကြပါစေ

ပုံကတော့  တရုတ်ဖိုက်တာကြီး ပါ  တရုပ် ထဲမှာသူတစ်ယောက်ပဲ ကြည့် လို့ ရလို့ပါ😁

မှတ်ချက် ။ ။ မြန်မာပြည်ဖွား သူငယ်ချင်း တရုတ်လူမျိုး များ မပါ😁

THS


ပန်းချီစတင် ရေးဖြစ်ပုံ

 

ပန်းချီ ရေးခြင်းဟာ
ကျွန်တော့်အတွက်တော့ တန်ဖိုးရှိသော
အလုပ်တစ်ခုပါ
ထိုအရာပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတဲ့
ခံစားချက်နှင့် ပြုမူဆောင်ရွက်ချက်တွေကတော့
တခြားသူတွေအတွက်တော့ မျက်စိနောက်စရာ
ဖြစ်နေလိမ့်မယ်။

ကျွန်တော် ပန်းချီ စရေးဖြစ်ပုံလေး
ပြောပြမယ်

ကျွန်တော် ဘွဲ့မရပါ
ရာထူးငယ်‌သော ဝန်ထမ်းတစ်ယောက်ဆိုတော့
အဘက်ဘက်က နိမ့်ပါးနေတဲ့ လူတစ်ယောက်အတွက်
အောင်မြင်နိုင်ခြေ သိပ်ကို နည်းပါးပါတယ်

ရပ်ဝေးကိုလဲ မသွားနိုင်
ကျွန်တော် နေတဲ့မြို့မှာလဲ
သင်တန်းတွေမရှိ ကိုယ့်အတွက် တိုးတက်ရာတိုးတက်ကြောင်း စဉ်းစားပြီး အားငယ်နေမိတယ်။

ထိုအချိန်မှာပဲ 2016 လောက်က
ဖေ့ဘုတ်မှာ ပန်းချီရေးနည်းလေးတွေ စတွေ့တယ်
အဲ့မှာ စိတ်ဝင်တစားနဲ့ လေ့လာပြီးရေးလာခဲ့တာ
အခုအချိန် 2021 အထိပါပဲ

ကျွန်တော် အခုဆို ပုံတူတွေ ရေးနေပါပြီ
လက်ရာလဲ အသင့်အတင့်
ကြည့်ပျော် ရှုပျော်လောက်တော့ ရေးတတ်နေပါပြီ။

အားလုံးကို လေးစာလျှက်

ဆောင်းတစ်ရာမင်း
19.7.2021

ဘုရားပုံ


 

ရေခပ်ဆင်း လှပျိုများ


 

ပန်းချီကို ဘာကြောင့်ရေးကြတာလဲ

 

......

နာကျင်ရခြင်းတွေ များလာတဲ့အခါ

ထွက်ပေါက်ရှာတဲ့ အနေနဲ့ ပန်းချီရေးတာလား


ပြီးတော့ ကိုယ့်ဘဝ ကြီးကို

ပြန်လည် အဖတ်ဆယ် ချင်လို့ ပန်းချီရေးတာလား


လူတွေအမြင်မှာ

တစ်ခုခု လုပ်ပြချင်လို့

ပန်းချီရေးတာလား


ငယ်ဘဝက အိပ်မက်နဲ့

ကိုယ့်ဝါသနာကြောင့် ပန်းချီရေးတာလား


တန်ဖိုးကြီး ဈေးနှုန်းတွေကပ်ထားခြင်းခံရတဲ့

ပန်းချီကားတွေနဲ့

အောင်မြင် ကြော်ကြားတဲ့ ပန်းချီဆရာတွေကို

အားကျလို့ ပန်းချီရေးတာလား


ခဏ ခဏရေး

မကြာ မကြာရေး


ပန်းချီကို ဘာကြောင့်ပဲ ရေးရေး

နောက်ပိုင်း ပန်းချီရေးရတာကို စွဲလမ်း သွားလိမ့်မယ်။


ဆောင်းတစ်ရာမင်း

18.7.2021

ပန်းချီ နှင့် သံသယ စိတ်

ကိုယ် ဖန်တီးထားတဲ့ ပန်းချီကို အခြား လူတစ်ဦးဦးက 
ကြည့်ရှုတယ် ဆိုရုံနဲ့ ပျော်ပါ‌တယ်
ဝေဖန်ရင်လဲ စိတ်မဆိုးပါဘူး

ပန်းချီ ရေးရင် ပျော်ပေမယ့်
ကိုယ့်ဘဝ ရှေ့ရေးက မသေချာတော့
ကိုယ့်ကို အပေါင်းအသင်းမလုပ်မှာ မကြောက်ပေမယ့်
ကိုယ်တန်ဖိုးထားတဲ့သူတွေ
ကိုယ့်အပေါ် လျစ်လျူရှုသွားမှာ စိုးရိမ်တယ်။

ဆောင်းတစ်ရာမင်း
၁၅-၇-၂၀၂၁

ပန်းချီဆရာ အတု


စာရွက်ဖြူလေး ၊ မခမ်းနားပါဘူး

ခဲတံလေး၊  မခမ်းနားပါဘူး

ကျွမ်းကျင်စွာ ဖန်တီးမှု ပန်းချီကားလေးကိုတော့

မခမ်းနားဘူးလို့ မပြောနိုင်ဘူးနော်


ပန်းချီဆရာ အတု တစ်ယောက်အတွက်

ပန်းချီရေးချိန် အရမ်းကိုရှားပါတယ်


ပန်းချီဆရာ အတု ဆိုတာ

ပန်းချီပညာနဲ့ အသက်မွေး ဝမ်းကြောင်း

မပြုနိုင်တဲ့သူပါ

ပန်းချီကို သေလောက်အောင် ဝါသနာပါပေမယ့်

ပန်းချီနဲ့ ဘဝကို မရပ်တည်ရဲတဲ့သူပါ


ပန်းချီဆရာအတုဟာ တစ်ခြားသူမဟုတ်ပါဘူး

ကျွန်တော်ပါပဲ


ပန်းချီ ၁ ပုံ ရေးဖို့အတွက်

အချိန်လိုပါတယ်

အားတဲ့ အချိန်မှာလဲ ရေးချင်စိတ်ရှိဖို့ လိုအပ်တယ်


အလုပ်တာဝန်တွေ

လူမှုရေးတွေ

ဘာတွေ 

ညာတွေနဲ့

ပန်းချီရေးဖို့ မလွယ်သလို

ပန်းချီ တစ်ကားဖြစ်ဖို့လဲ မလွယ်ပါဘူး


ဒါကြောင့်

ကျွန်တော် ဆီက ပန်းချီကား လက်ဆောင်ရရင်

ပန်းချီကားတွေကို တန်ဖိုးထားပါ

ပန်းချီကို ကျွန်တော် အရမ်း မြတ်နိုးလို့ပါ။


ဆောင်းတစ်ရာမင်း

၆.၇.၂၀၂၁

ပန်းချီရေးချိန်


ကိစ္စတော်တော်များများက ကျွန်တော့် ကို

ပန်းချီမရေးဖြစ်အောင် အမျိုးမျိုး ဟန့်တားနေသလိုပဲ

ကျွန်တော် ဘာမှ မလုပ်ဘဲ နားနေတာပဲ ဖြစ်ဖြစ် အပျင်းထူနေတာပဲဖြစ်ဖြစ်

အဲ့ဒီလို အချိန်မျိုးမှာ ပန်းချီမရေးဖြစ်တာ ကိစ္စမရှိပေမယ့်

ကျွန်တော့်ကို အိမ်အလုပ်တွေခိုင်းနေလို့ ပန်းချီရေးချိန်မရှိရင် ကျွန်တော် ဒေါသထွက်နေတယ်။


ဆောင်းတစ်ရာမင်း

၁၂-၇-၂၀၂၁

ပန်းချီနှင့် အပေါင်းအသင်း

 ပန်းချီရေးတယ်ဆိုတာ

လူတိုင်း ကလေးဘဝတုန်းက ရင်းနှီးခဲ့ကြဘူးသူချည်းပါပဲ

အဲဒီ ပန်းချီဆိုတဲ့ စကားလုံးက သိပ်မဆန်းကြယ်လှပါဘူး။


လက်ဆောင်အဖြစ် ပေးကြတဲ့အခါ ပန်းချီပုံပေးကြတဲ့ အလေ့အထက

သိပ်ကိုနည်းကြပါတယ်

ဘာလို့လဲဆိုတော့ ပန်းချီပုံတွေက စျေးကြီးကြလို့ပါပဲ

လက်ဆောင်အဖြစ်ပေးဖို့ ကိုယ်တိုင်မဖန်တီးနိုင်ကြသူတွေအဖို့တော့

အရမ်းခက်ခဲပါတယ်။


ပန်းချီရေးသူကတော့

သူ့မိတ်ဆွေ အပေါင်းအသင်းတွေကို လက်ဆောင်ပေးဖို့

မခက်ခဲပါဘူး အလွယ်တကူရေးပြီး ပေးနိုင်ပါတယ်။


ပန်းချီပုံ တစ်ခု ဖန်တီးရာမှာလည်း

လေးနက်မှု အချိန်ယူမှုတွေရှိလို့ ကြိုတင်ရေးဆွဲမှသာ

ပုံကောင်းတစ်ခုရမှာဖြစ်သလို

လက်ဆောင်ပေးဖို့ ရက်အနည်းငယ်ကတည်းက ပြင်ဆင်ရပါလိမ့်မယ်။


ပန်းချီပုံ လက်ဆောင်ရသူအဖို့

ပြုံးပျော် ပြီး ထာဝရ အမှတ်ရနေပါလိမ့်မယ်။


ဆောင်းတစ်ရာမင်း

၁၂-၇-၂၀၂၁

ပန်းချီ

 ကျွမ်းကျင်စွာ တတ်မြောက်ထားသော 

အတတ်ပညာ တစ်ခုခုကို အလိုရှိသည် 

နေ့ရက်တွေကုန်လွန်နေဆဲ အချိန်တို့သွားနေဆဲ

ကျွန်တော်လဲ ပန်းချီကို ရေးနေဆဲလေ......


တိုသွားတဲ့ ခဲတံ၊ ကုန်သွားတဲ့ စာရွက် တွေ စုပုံလိုက်ရင် ကျွန်တော့် အရပ်ထက် မြင့်နေလိမ့်မယ်

ကျွန်တော့် လျစ်လျှူရှုထားတဲ့ တစ်ချို့အရာတွေကတော့ ကျွန်တော်နဲ့ မဆိုင်တော့ဘူးပေါ့

ငွေကြေး ၊ ‌အချစ်၊ အရေးပါမှုတွေ 

ကျွန်တော် ပန်းချီရေးနေခြင်းက ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်းပါ

နာကျင်ဝမ်းနည်းမှုတွေ ပြီးတော့ စိတ်ပင်ပန်းမှုတွေ ဒါတွေကိုမေ့ထားပြီး

ပုံတစ်ပုံ ကို ရေးခြစ်ဖန်တီး ပြီးတော့ တစိမ့်စိမ့်ကြည့် ဝမ်းသာခဲ့ရုံပါ

ကျွန်တော့်အတွက် သီးသန့် နိဗ္ဗာန်လေးပါ။


‌ဆောင်းတစ်ရာမင်း

၁၁-၇-၂၀၂၁


စိတ်

 လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့အရာတွေ

လက်ဝါးဖြန့်တဲ့ အခါထွက်ကျလာရတယ် ငါ့ရဲ့ ခံစားချက်တွေ

ငါ့ဘဝရဲ့ ကကြိုးတွေ မရှုပ်ထွေးရအောင် ရှင်သန်မယ်စိတ်ကူးထားတိုင်း

ရှင်းအောင်ထားတဲ့ စိတ်ထဲမှာ အလျော့ပေးလိုက်ရတဲ့ နေ့ရက်တွေ 

ငါနာကျင်ပါတယ် သူပျော်ရွှင်ပါစေ


ဆောင်းတစ်ရာမင်း

9-7-2021



စေတနာ

စေတနာဆိုတာ ကိုယ့်အ‌ပေါ် ပြန်လည်မြတ်နိုးနိုင်မည့် သူအပေါ်မှာပဲ 
ပေါက်ဖွားစေနိုင်တာလား
ကိုယ့်အပေါ် စိမ်းကား နိုင်သူအပေါ် စေတနားထားလို့ရသေးတယ်
ကိုယ့်အပေါ် ပြန်လည်ဂရုမစိုက် တစ်ပါးသူအပေါ် ချစ်မြတ်နိုးသူအပေါ်ကိုတော့
စေတနာ ထားလို့ မရနိုင်ဘူး။

ဘာလို့လဲ ဆိုတော့
အဲဒီ စေတနာမှာ မျှော်လင့်ချက်တွေ ပါနေလို့ပါပဲ။

ဆောင်းတစ်ရာမင်း
၉-၇-၂၀၂၁