““ ခိုနားခွင့် ””
လေပြည်ညှင်းတွေ သယ်ဆောင်လာတဲ့
သံစဉ်ချိုတေးသွား တစ်ပုဒ်ကို
ညီမလေး ရဲ့ အပြုံးနုနု ပါးပြင်ထက်မှာ
ခေတ္တရပ်နားခွင့်ပြုပါ။
စိမ်းလန်းမှုတွေကြား
သာယာနေကျ ပျော်ရွှင်မှုတွေ
မွှေးပျံ့ခြင်းတွေနဲ့ အတူ
ညီမလေးရဲ့ ဆံနွယ်တွေအကြား ခိုနားပါလေ။
ဘယ်လောက်ချစ်တယ်ဆိုတာ
မြင်သာအောင် ချိတ်ဆွဲပြချင်ရဲ့
ခုန်နေကျ နာရီလက်တံ နှလုံးသားလေးကို
ညီမလေးရဲ့ အနီးဆုံး ရပ်ဝန်းလေးတစ်ခုမှာ
အချိန်မှန်မှန် ခိုနားခွင့်ပြုပါ။
No comments:
Post a Comment