ပန်းချီဆရာမ ဟေမာစုကြည် ထံမှ
ပန်းချီကား လက်ဆောင်ရတယ်။
တပြားတချပ်မှ မကုန်ဘဲ ရခဲ့တယ် ဆိုပေမယ့်
ဆရာမရဲ့ စေတနာနဲ့ ပန်းချီကားကို
တန်ဖိုးထားပါတယ်။
ဆရာမရဲ့ ပန်းချီကား အလှူလေး ပြုလုပ်ပုံကတော့
ရိုးရှင်းပါတယ်။ မည်သူမဆို ပန်းချီကားကို ရနိုင်ပါတယ်။
facebook မှာ ပန်းချီပုံ တင်ပြီး ထိုပုံရဲ့ အောက်မှာ
ပထမဆုံး ကောမတ် ရေးနိုင်တဲ့သူသာလျှင်
ထိုပန်းချီကားကို ပိုင်ဆိုင်ခွင့်ရမှာပါ။
ကျွန်တော်က ကံကောင်းစွာနဲ့ပဲ
ဆရာမရဲ့ ကြာပန်း ပန်းချီကားရဲ့အောက်မှာ
ပထမဆုံး ကောမတ် ရေးနိုင်ခဲ့တယ်။
ကားဂိတ်ကနေ အိမ်ရောက်ရောက် ခြင်း
ထိုပန်းချီကားလေးကို
ဘောင်တပ်ပြီး ချိတ်ထားလိုက်တယ်။
ဝမ်းသာကြည်နူးမှုတွေနဲ့
ငေးကြည့်မိတယ်
ပန်းချီကားဆိုတာ
ဇိမ်ခံ ပစ္စည်းတွေ ဖြစ်တယ်တဲ့.....။
ဆောင်းတစ်ရာမင်း (၈.၁၀.၂၀၂၂)